Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် လူ ၆ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော မီးလောင်မှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၅ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖယောင်းတိုင်လဲ၍ မီးကူးစက်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ အခန်းတွင်း အသက်ရှုကြပ်၍သေဆုံးခြင်းဖြစ်ကြောင်း မက်ထရိုမနီလာရှိ Caloocanမြို့ ရဲဘက်ဆိုင်ရာမှ ဖော်ပြသည့် သတင်းများအရ သိရသည်။ အချင်းဖြစ်ပွားသည့်နေအိမ်မှာ မီးကူးစက်လောင်ကျွမ်းလွယ်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားခြင်းဖြစ်ရာ မီးကူးစက်မှု လျှင်မြန်ခဲ့ကြောင်း ၊ ထို့အပြင် အနီးပတ်ဝန်းကျင်တွင် မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားထားမှုများကြောင့် မီးငြှိမ်းသတ်ရန် မီးသတ်ကား သွားလာရာတွင် အတားအဆီးေနှောင့်နှေးမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲဘက်ဆိုင်ရာ က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.