ကဘူးလ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီကျောင်း တစ်ခုတွင် သြဂုတ်လ ၂၅ ရက်က တိုက်ခိုက်ခံခဲ့ရကာ သေဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ် ဒန်းနစ်ရှ်က ပြောသည်။
ဒူဘိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း အမေရိကန် သတင်းချန်နယ် CNN က သြဂုတ်လ ၂၅ ရက်တွင် သတင်းတင်ပြထားသည်။
ဆိုးလ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးဖြစ်သော ဆမ်ဆောင်းအုပ်စု၏ အမွေဆက်ခံသူ ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒုတိယ ဥက္ကဋ္ဌ လီဂျေးယွန် (Lee Jae-yong) အား တောင်ကိုရီးယား တရားရုံး တစ်ရုံးက သြဂုတ်လ ၂၅ ရက်တွင် ထောင်ဒဏ်...
ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရေးအတွက် တရုတ်နှင့် ဆော်ဒီအာရေဗျ တို့က သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်တွင် နေထိုင်သော ဆေးရုံ အလုပ်သမ တစ်ဦးက အမေရိကန်ထီ ဒေါ်လာ ၇၅၈.၇ သန်းအား သြဂုတ်လ ၂၄ ရက်က တစ်လုံးတစ်ခဲတည်း ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
ဘရက်ဆဲလား၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးတွင် မကြာသေးမီက သင်္ဘောနှစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် စုစုပေါင်း သေဆုံးသူ ၃၉ အထိရှိကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်နယ်မြေဖြစ်သော ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၂၄ ရက်က အင်အား အသင့်အတင့် ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘရာဆီးလီးယား၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ မြောက်ပိုင်း အမေဇုန်ဒေသအတွင်းရှိ ပါရာပြည်နယ် တွင် လူဦးရေ ၇၀ခန့် လိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ ၁၉ဦး သေဆုံးပြီး အခြားလူများစွာ ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
လန်ဒန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) မန်ချက်စတာ လေဆိပ် တွင် လက်ဆွဲအိတ်ဖြင့် ပိုက်ဗုံးတစ်လုံးအား သယ်ဆောင်လာသူ အမျိုးသား ကို သြဂုတ် ၂၃ ရက်တွင် ထောင်ဒဏ် ၁၈နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mirgayas Shirinsky သေဆုံးမှုအား ရုရှား နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၃ ရက်တွင် အတည်ပြုပြောကြားလိုက်ကြောင်း သိရသည်။