မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ ၊ မေ ၅ ရက်(ဆင်ဟွာ) တူရကီ စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်ခံရမှု တစ်ရပ်အား ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် ကာ့ဒ် စစ်သွေးကြွ ၂၈ ဦးအား မေ ၄ ရက်တွင် သုတ်သင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးSergey Lavrov နှင့် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Jorge Arreazaတို့ သည် မေ ၅ ရက်တွင် မော်စကို၌ တွေ့ဆုံမည်ဖြစ်ပြီး လက်ရှိဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkovက...
ဒက်ကာ၊ မေ ၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ မေလ ၄ ရက်တွင်ဝင်ရောက်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကိုအရှိန်ပြင်းစွာတိုက်ခိုက်ခဲ့ရာအနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး မာတတ်အူဒင်(Mahtab Uddin) က ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကိုလံဘို၊ မေ ၅ ရက်(ဆင်ဟွာ) လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaက သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)နှင့် မေ ၄ ရက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ရာဘတ် ၊ မေ ၄ ရက် (ဆင်ဟွာ) မော်ရိုကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က မေလ ၃ ရက် ၌ နိုင်ငံ ဗဟို ဥပဒေရေးရာ စုံစမ်းစစ်ဆေးမှုဌာန က နိုင်ငံမြောက်ပိုင်းရှိ Tangier မြို့ တွင် IS အစွန်းရောက်...
ကိုလံဘို၊ မေ ၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ပထမလေးလပတ်တွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါဖြစ်ပွားသူ ၁၅,၀၀၀ ဦးကျော်ရှိကြောင်း ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ရေးယူနစ်က မေလ ၃ ရက်၌ ပြောကြားလိုက်သည်။
ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပြုမူလိုက်ခြင်းအပေါ် ကောင်းစွာ သိရှိကြောင်းနှင့် အခြေအနေအား ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၃ ရက်ညပိုင်းက ပြောကြားခဲ့သည်။
ရောမ၊ မေ ၄ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ နေပယ်လ်မြို့လယ်နေရာတွင် မေလ ၃ ရက်နေ့လယ်ပိုင်းက လူစုလူဝေးအတွင်းသို့ သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဆိုးလ် ၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ က မေလ ၄ ရက် ၌ တာတိုဒုံးပျံ စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့် ဒုံးပျံ အမျိုးအစား အား မသိရှိရသေးကြောင်း ဒုံးပျံ စမ်းသပ် ပြုလုပ်မှု အပြီး...