Connect with us

Africa & Middle East

နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း ကျေးရွာ သုံးခု တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၄ ဦး သေဆုံး

ဘိုကိုဟာရမ် အစွန်းရောက်လက်နက်ကိုင်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နီယာမေ ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffaပြည်နယ်ရှိ ကျေးရွာ ၃ ခုကို မတ် ၂၃ရက်က ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျာ လုံခြုံရေးဌာနဌာနက မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဘိုကိုဟာရမ် လက်နက်အချို့သည် မတ် ၂၃ ရက် ညပိုင်းက Diffaပြည်နယ် Gueskerou ဒေသရှိ ကျေးရွာသုံးခုကို ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။

Diffaပြည်နယ်သည် နိုင်ဂျာနှင့် နိုင်ဂျီးရီးယားနိုင်ငံ နယ်စပ်တွင်တည်ရှိရာ ယခုနှစ်ပိုင်းများတွင် ဘိုကိုဟာရမ်များက ၎င်းဒေသကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ မတ် ၂၁ ရက် က လည်း Gueskerou ဒေသရှိ ကျေးရွာတစ်ခု တိုက်ခိုက်ခံရမှုတွင် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့သည် ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လှုပ်ရှားသွားလာလေ့ရှိပြီး နိုင်ဂျီးရီးယားနှင့်ဆက်စပ်နေသည့် နိုင်ဂျာနိုင်ငံ တောင်ပိုင်းဒေသကိုလည်း လုံခြုံရေးခြိမ်းခြောက်မှုတွေဖြစ်စေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ နိုင်ဂျာ၊ချဒ်စသည့် နိုင်ငံတို့က ညွှန်ပေါင်းတပ်ဖွဲ့ဖွဲ့စည်းကာ ဘိုကိုဟာရမ်အဖွဲ့အစည်းအား ပူးပေါင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.