ကူဝိတ်စီးတီး၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ ဂျာဘားအယ်အာမက် နိုင်ငံတကာအားကစားရုံ၌ ဇန်နဝါရီ ၅ရက်နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ၂၃ကြိမ်မြောက် အာရေးဗီယန်ပင်လယ်ကွေ့ဖလား ဗိုလ်လုပွဲစဉ် တွင် စည်းရိုးတစ်ခု ပြိုကျမှုကြောင့် အိုမန်ဘောလုံးအသင်းပရိသတ် ၄၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုစ်အဲရစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလိုစ့်တိဖက်ဇ်သည် ယခင်ကလပ်အသင်းဟောင်း ဘိုကာဂျူနီယာ(Boca Juniors) အသင်း၌ ပါဝင်ကစားခွင့်ရရန် လက်ရှိကစားနေသော တရုတ်နိုင်ငံ ရှန်ဟိုင်းရှန်ဝှာ(Shanghai Shenhua) အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒက်( Uttar Pradesh) ပြည်နယ်၌ အအေးလှိုင်းဖြတ်မှုကြောင့် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်း Seattle မြို့ပြင်၌ နေထိုင်သော အမျိုးသားတစ်ဦးကို ၂ဝ၁၆ ခုနှစ်အတွင်း ၎င်း၏ ချစ်သူရည်းစား အမျိုးသမီးအား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ကြောင်း ဒေသတွင်းမီဒီယာက ဇန်နဝါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ပါကစ္စတန်နိုင်ငံသို့ ပံ့ပိုးပေးနေသည့် လုံခြုံရေးဆိုင်ရာ အထောက်အပံ့များကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၄ရက်တွင်ကြေညာခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) လာမည့် အပတ်တွင် အကြီးတန်းအဆင့် နှစ်နိုင်ငံ အစိုးရစကားဝိုင်း ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ် ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ နှစ်ပေါင်း ၄၀၀ နီးပါးရှိပြီဖြစ်သော နိုင်ငံ၏အံ့ဖွယ်ရတနာ တာ့ဂျ်မဟာ (Taj Mahal) အား ထိန်းသိမ်းကာကွယ်ရန်အတွက် နေ့စဉ် ဝင်ရောက်သည့် ဧည့်သည်ပေါင်း ၄၀,၀၀၀ အထိနှင့် ဧည့်သည်တစ်ဦးစီ၏ ဝင်ရောက်လေ့လာမှုတိုင်း ကြာမြင့်ချိန်အား သုံးနာရီထိသာ သတ်မှတ်ထားရှိရန် စီစဉ်နေကြောင်း...
ဆန်ဖရန်စစ္စကို၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ဆေးခြောက်ကို တရားဝင်စိုက်ပျိုးရောင်းချခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာ့လက်ဝှေ့အကျော်အမော်ဟောင်း မိုက်တိုင်ဆန်က ကယ်လီဖိုးနီးယားတောင်ပိုင်းတွင်၎င်း၏ ပထမဆုံး ဆေးခြောက်ပင်စိုက်ပျိုးရေးခြံကို ဖွင့်လှစ်ရန်ရှိနေကြောင်း သိရသည်။