Connect with us

Europe

ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံက ၃ နှစ်ဆက်တိုက် တည်ရှိနေ

တရုတ်နိုင်ငံ ဟောင်ကောင်ရှိ ကုန်တိုက်တစ်ခုတွင် ဂျာမနီနိုင်ငံ၏ခရစ္စမတ်လက်မှုထုတ်ကုန် ပစ္စည်းများအား ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

၂၀၁၈ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ၃ နှစ်ဆက်တိုက်တည်ရှိနေပြီဖြစ်ရာ နှစ်ဖက်ကုန်သွယ်မှုပမာဏ စုစုပေါင်း ယူရိုငွေ ၁၉၉.၃ ဘီလီယံရှိကြောင်း ဂျာမနီနိုင်ငံ ပြည်ထောင်စု စာရင်းအင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်ပမာဏ စုစုပေါင်း ယူရိုငွေ ၁၀၆.၂ ဘီလီယံရှိပြီး တရုတ်နိုင်ငံသို့ ပို့ကုန် ပမာဏ ယူရိုငွေ ၉၃.၁ ဘီလီယံ ရှိကြောင်း ဂျာမနီအစိုးရ၏ ကိန်းဂဏန်းများအရ သိရသည်။

“ဂျာမနီထုတ်ကုန်ပစ္စည်းများက တရုတ်ဈေးကွက်မှာ လူကြိုက်များလာတယ်။ တရုတ်နိုင်ငံကလည်း ဂျာမနီ၏အဓိက ပို့ကုန်ဈေးကွက်ဖြစ်နေဆဲပဲ” ဟု ဂျာမနီနိုင်ငံ ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဌာန အရာရှိက ဆိုပါသည်။

အဆိုပါ ထုတ်ပြန်ထားသည့် စာရင်းအင်းများအရ ဂျာမနီ၏ ကုန်သွယ်ဖက်နိုင်ငံများတွင် နယ်သာလန်သည် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ယူရိုငွေ ၁၈၉.၄ ဘီလီယံရှိကြောင်း ၊အမေရိကန်သည် တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ၁၇၈ ဘီလီယံရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.