မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ (RIC) က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း တွင် ဧပြီလ ၃ရက်က ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ကွဲမှုအား အသက် ၂၂ နှစ်အရွယ် Akbarzhon Dzhalilov က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧပြီ...
ဆိုးလ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဧပြီလ ၅ ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် ကိုရီးယား ကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်သို့ မြောက်ကိုရီးယား နိုင်ငံက ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ပြီး ထိုဒုံးကျည် အမျိုးအစား...
ဟဲလ်ဆန်ကီး ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေးကိုတိုးချဲ့ရန် နှင့် နှစ်ဖက်နိုင်ငံရေးအရ ယုံကြည်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တရားဝင်အလည်အပတ်ခရီးစဉ်တစ်ခုအဖြစ် ဖင်လန်နိုင်ငံသို့ဧပြီလ ၄ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆရီနာဂါး၊ ကက်ရှ်မီးယား၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်နယ်မြေ ကက်ရှ်မီးယားဒေသတွင် ဧပြီလ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ဆိုင်ခန်း ၂၀ နှင့် လူနေအိမ် ၅ လုံး လောင်ကျွမ်းခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အစိုးရသည် တိုင်းပြည်၏ ရေတပ်စွမ်းပကားကို အဆင့်မြှင့်တင်ရန်အတွက် စစ်သင်္ဘောများပေါ်တွင် ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အသစ်များ တပ်ဆင်ခြင်းကို သဘောတူ အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် AIR ရေဒီယိုက ဧပြီလ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
စိန့်ပီတာဘာ့ခ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဧပြီလ ၃ ရက်က အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စပိန်နိုင်ငံ စိန့်ပီတာဘာ့ခ်မြို့ မြေအောက်ရထား လုပ်ငန်းများအား တစ်စိတ်တစ်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Grand Palais ပြတိုက်မှ ယူရို ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၁၃,၂၀၀) တန်ဖိုးရှိသည့် ရတနာပစ္စည်းအား ဧပြီ ၂ရက်နေ့ ညနေပိုင်းတွင် အမျိုးသားနှစ်ဦးက ခိုးယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းချန်နယ်တစ်ခု က ဧပြီ ၃ ရက်တွင်ဖော်ပြခဲ့သည်။
နိုင်ရိုဘီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် သင်္ဘောသား ၁၁ဦးလိုက်ပါလာသည့် အိန္ဒိယကုန်တင်သင်္ဘောတစ်စင်း အား ဆိုမာလီပင်လယ်ဓါးပြများက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသတွင်းရေကြောင်းအရာရှိတစ်ဦးက ဧပြီ ၃ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပါရီ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့ရှိ မြေအောက်ရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုသည်။
စိန့်ပီတာစဘာ့ခ် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း၌ ဧပြီလ ၃ ရက်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း အသက်သေဆုံးသွားကြသူများအတွက် လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။