မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ နာမည်ကြီးဆေးရုံ တစ်ရုံ၏ အကြီးအကဲတစ်ဦးနှင့် အခြား ဆရာဝန် ၄ ယောက် အား ရဲတပ်ဖွဲ့က သြဂုတ် ၁၀ ရက်တွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု ဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်က အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ရလဒ်များ ထွက်ရှိလာပြီးနောက် အစိုးရ အနေဖြင့် လမ်းပြမြေပုံအတိုင်း အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်တွင် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ်...
ဝါရှင်တန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန် ဒီမိုကရက်ပါတီသမ္မတလောင်း ဟီလာရီကလင်တန် နှင့် ၎င်းအား ထောက်ခံသူများ၏ ရုပ်သံအသုံးပြုမဲဆွယ်ခမှာ အမေရိကန်ဒေါ်လာ ၈၉ သန်းရှိကြောင်း နှင့် ၎င်းက ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် ဟီလာရီအား ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် တရားဝင် အမည်စာရင်းတင်သွင်းပြီးနောက် အသုံးပြုခဲ့သည့်...
ကနေဒါ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကနေဒါရဲတပ်ဖွဲ့သည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်ရရှိပြီးနောက် သံသယရှိသူ တစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၀ ရက်က ကြေညာခဲ့သည်။
မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတီးသည် နိုင်ငံတွင်း၌ အိုင်အက်စ် အကြမ်းဖက်သမားများ၏ အန္တရာယ် ရုတ်တရက်ကြုံတွေ့ရနိုင်ကြောင်း သြဂုတ် ၁ဝ ရက်က သတိပေးပြောကြားလိုက်သည်။
မော်စကို၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ရှရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ ရှိ Hmeymim ရုရှားလေတပ်အခြေစိုက်စခန်းအား ပြီးပြည့်စုံသည့် စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပြောင်းလဲကာ လေတပ်အင်အား ၏ အမြဲတမ်း တပ်ဖွဲ့များအား ထားရှိသွားမည် ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မဲလ်ဘုန်း ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယယဉ်ကျေးမှုတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် မိန်းမမုန်းတီးရေးဝါဒကို ရုပ်ရှင်က ပြောင်းလဲပစ်နိုင်စွမ်းရှိ ကြောင်း အိန္ဒိယရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောဆိုလိုက်သည်။
နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။
လန်ဒန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဂျိုစ့်မော်ရင်ဟိုက ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ(Paul Pogba) အား မန်ယူအသင်းမှ ပိုင်ဆိုင်သွားပြီးဖြစ်ကြောင်း ၊ ပေါ့ဘာသည် မန်ယူအသင်းအတွက် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း အသင်းပိုင် အင်တာနက်စာမျက်နှာပေါ်တွင် သြဂုတ် ၉ ရက်က ကြွေးကြော်ပြောဆိုလိုက်သည်။
ဘန်ကောက်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ပိုကီမွန် ဂိုး (Pokemon Go) ကစားခြင်းနှင့် ပတ်သက်၍ ဖြစ်လာနိုင်သည့် မတော်တဆမှုများ အား ကာကွယ်ရန် စည်းကမ်းထိန်းသိမ်းမှုများ လုပ်ဆောင်သွားနိုင်မည်ဟု ထိုင်း တာဝန်ရှိသူများက မျှော်လင့် ထားကြောင်း ဘန်ကောက်ပို့စ်က သြဂုတ်လ ၁၀ ရက်က...