Connect with us

Asia

ထိုင်းနိုင်ငံသို့တရုတ်နိုင်ငံသား ခရီးသွား လာရောက်လည်ပတ်မှု ပထမဆုံးအကြိမ်အဖြစ် ၁ဝ သန်းပြည့်မြောက်

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံသားကမ္ဘာလှည့်ခရီးသွားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်သို့၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၁ဝ သန်း အထိ ဝင်ရောက်ခဲ့ရာ နိုင်ငံခရီးသွားလုပ်ငန်း၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံသား ၁ဝ သန်းမြောက် ခရီးသွားအဖြစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ခရီးသည်တစ်ဦးသည် Thai Airways နိုင်ငံတကာလေကြောင်းလိုင်းဖြစ် တရုတ်နိုင်ငံကူမင်းမြို့(Kunming) မှ ထိုင်းနိုင်ငံသုဝဏ္ဏဘုမ္မိလေဆိပ်သို့ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်လာခဲ့ရာ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ကြိုဆိုခဲ့ကြသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ထိုင်းနိုင်ငံခရီးသွား နှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဝီရာဆက်ကော့ဆူရတ်( Weeraka Kowsurat) ကတက်ရောက်ခဲ့ပြီး ၎င်းက ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားအများအပြားလာရောက်လည်ပတ်သော နိုင်ငံတစ်နိုင်ဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံသို့စုစုပေါင်းလာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားအားလုံး၏ သုံးပုံတစ်ပုံ ရှိကြောင်း ပြောကြားခဲ့သည်။

“ ၂ဝ၁၈ ခုနှစ်အတွက် တရုတ်နိုင်ငံသားခရီးသွားလာရောက်လည်ပတ်မှု ပထမဆုံးအကြိမ်အဖြစ် ၁ဝ သန်း ပြည့်ပါတယ်။ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားလာရောက်လည်ပတ်မှု အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု ဝီရာဆက်က ဆိုသည်။

“ ထိုင်းနိုင်ငံဟာ ခရီးသွားတွေအတွက် လုံခြုံမှုနဲ့ဘေးကင်းမှု အဆင့်အတန်းကို မြှင့်တင်သွားမှာပါ။ တရုတ်နိုင်ငံသား ခရီးသွားတွေအတွက် ပိုမိုလာရောက်လည်ပတ်ချင်စရာ နိုင်ငံဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသားကမ္ဘာလှည့်ခရီးသွားများသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအတွက် အကြီးဆုံး ပမာဏဖြင့် ဆက်လက် အထောက်အကူပြုနေဆဲဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့တရုတ်ခရီးသွား ၉.၈ သန်းဝင်ရောက်ခဲ့ပြီး ထိုင်းဘတ်ငွေ ၅၂ဝ ဘီလီယံ( အမေရိကန်ဒေါ်လာ ၁ဝ၃ ဘီလီယံ) ကျော်ဝင်ငွေရရှိခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခတ်ကမ်းခြေ၌ တရုတ်နိုင်ငံသားအားလပ်ရက် လာရောက်လည်ပတ်သူများ လိုက်ပါစီးနင်းသည့် မော်တော်ဘုတ်တစ်စင်းနစ်မြုပ်မှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသို့ခရီးသည်ဝင်ရောက်မှု လျော့ကျခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်သည် တရုတ်နိုင်ငံသားခရီးသွားများဝင်ရောက်မှု အနေအထားပေါ်တွင်လည်း များစွာသက်ရောက်မှုရှိခဲ့သည်။

၂ဝ၁၈ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ အထိ ထိုင်းနိုင်ငံသို့တရုတ်နိုင်ငံသားခရီးသွား စုစုပေါင်း ၉ သန်း ဝင်ရောက်ခဲ့ပြီး ထိုင်းဘတ်ငွေ ၄၉၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ဝ၃ ဘီလီယံ) ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.