နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အသက် ၇၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံ၏ ဂန္တဝင်မင်းသားကြီး နှင့် ဝါရင့် နာမည်ကျော် ဘောလီးဝုဒ် သရုပ်ဆောင် ရှာရှီကာပူး(Shashi Kapoor) သည် ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုဝင်များက ပြောကြားခဲ့သည်။
အန်ကာလာ ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တူရကီ-ဆီးရီးယား နယ်စပ် ဒေသရှိ စစ်ဆေးရေး ဂိတ် တစ်ခု အနီးတွင် ဒီဇင်ဘာ ၃ ရက်နေ့၌ ယာဉ် တိုက်မှုဖြစ်ပွား ခဲ့ရာ ဘတ်စ်ကားငယ် တစ်စင်း ပေါ်ရှိ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပြီး...
ကာဘူးလ် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ် မြို့တော် တွင် ဒီဇင်ဘာ ၃ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဆိုးလ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် ကိုရီးယားကျွန်းဆွယ်၌ စတင်ပြုလုပ်ခဲ့ကြောင်း ၊ ယင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ဂျက်တိုက်လေယာဉ် ၂၃ဝ စင်း ၊ ဗုံးကျဲလေယာဉ်များ နှင့် အခြား တိုက်ခိုက်ရေးလေယာဉ်များ...
ဆာနား၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာ ဆာလတ် ၏ နောက်လိုက်များ နှင့် ဟူသီသူပုန်များအကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း ယီမင်နိုင်ငံ မြို့တော် ဆာနားမြို့ရှိ အီရန်သံရုံးမှာ တိုက်ခိုက်ခံရပြီး မီးများတောက်လောင်လျက်ရှိကြောင်း ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ဆင်ဟွာသတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အနေဖြင့် ရှေ့ဆက် ၍ ကုလသမဂ္ဂ ဦးဆောင်သည့် “ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်” တွင် ပါဝင်သော သတ်မှတ်ချက်များကို လိုက်နာဆောင်သွားတော့မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
အဘူဂျာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘိုင်အူ မြို့ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှု နှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့အနောက်တောင်ပိုင်း Kaluga ဒေသတွင် ဒီဇင်ဘာ ၂ ရက်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၂ ဦးအပါအဝင် လူပေါင်း ၇ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက...