Connect with us

Africa & Middle East

အာဖဂန် အနောက်ပိုင်းတွင် မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၉ဦးသေဆုံး

အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဖာရာ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် တွင် နေတိုးဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံတာလီဘန် ခေါင်းဆောင်တစ်ဦး အပါအဝင် အနည်းဆုံး တာလီဘန်စစ်သွေးကြွ ၁၉ ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ရက်တွင်ပြောကြားခဲ့သည်။

ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Muhibullah Muhib က Khaki Safed ခရိုင် ရှိ Naidi ဧရိယာ ရှိ တာလီဘန်တို့၏ ပုန်းခိုရာတစ်ခု ကို ပစ်မှတ်ထား၍ ဒီဇင်ဘာ ၅ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ဒေသခံတာလီဘန်ခေါင်းဆောင် Aga Mir Adalat နှင့် အတူ နောက်လိုက် ၁၀ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

Adalat သည် ယင်းခရိုင်ရှိ စစ်သွေးကြွ အယောက် ၂၀၀ကျော် ကို ဦးဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အနီးအနားရှိ Bala Buluk ခရိုင်တွင်လည်း အလားတူ အချိန်၌ သီးခြားလေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွး ၈ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

Bala Buluk တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအပြီး တာလီဘန်တို့၏ ခံတပ် ၃ခုကို ဖျက်ဆီးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

စစ်သွေးကြွအုပ်စုမှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)