Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်တွင် အင်အား ၅.၁ ရှိသော ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိ

ငလျင်လှုပ်ခတ်မှုကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်း၌ ယနေ့ (ဒီဇင်ဘာလ ၈ ရက်) အင်အား ၅.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀း၅၄ နာရီက မြောက်လတ္တီကျု ၃၇.၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၁.၄ ဒီဂရီအကြား မြေအောက်အနက် ၄၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ဂျပန်နိုင်ငံတွင် အင်အားအပြင်းဆုံးငလျင်ကို အဆင့် ၇ အထိသတ်မှတ်ထားရာ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်က ဖူကူရှီးမားစီရင်စုရှိ အချို့နေရာများ၌ အဆင့် ၄ ခန့်ရှိကြောင်း သိရသည်။ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုကြီးကြီးမားမားနှင့် ဒဏ်ရာရသူများမရှိသလို ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်းလည်းမရှိပေ။ (Xinhua)