ဒမတ်စကက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အစိုးရလိုလားသည့် မြို့နှစ်မြို့မှ ဆီးရီးယားပြည်သူများကို ကယ်ထုတ်ပေးမည့် ဘတ်စ်ကားစုရပ်တစ်ခုအား ပစ်မှတ်ထား၍ ဧပြီ ၁၅ ရက်က အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အနည်းဆုံး လူ ၇၀ဦးသေဆုံးပြီး အခြားလူ ၁၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဆိုးလ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ယနေ့ နံနက် အစောပိုင်းက အရှေ့ဘက် ကမ်းရိုးတန်းတွင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ရာ မအောင်မြင်ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲ ကာကွယ်ရေးဦးစီးချုပ် (JCS) က ပြောသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အူရဒူ ဘာသာစကားဖြင့် ထုတ်ဝေထားသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” အား ဧပြီလ ၁၄ ရက်က ပါကစ္စတန်နိုင်ငံ၌ စတင် ဖြန့်ချိသည့်...
တီဟီရန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်မြောက်ဘက်ရှိ အဇာဘိုင်ဂျန်ပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်း ရုပ်မြင်သံကြားမှ ဧပြီလ ၁၅ ရက်တွင် သတင်း တင်ပြခဲ့သည်။
ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ဧပြီလ ၁၅ ရက်က ၎င်း၏ စစ်ဘက်ဆိုင်ရာ အင်အား ပြသသည့်အနေဖြင့် ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ရောက်အောင် ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စင်း အပါအဝင် အဆင့်မြင့်ဆုံး ပဲ့ထိန်းနှင့် နည်းဗျူဟာသုံး...
ကိုလံဘို၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ အပြင်ဘက် ရှိ စွန့်ပစ်အမှိုက်ပုံတစ်ခု ပြိုကျခဲ့သည့် နေရာမှ လူသေအလောင်း ၁၀လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံအာဏာပိုင်များက ဧပြီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံရှိ IS စစ်သွေးကြွတို့၏ တည်နေရာတစ်ခုကို ပစ်မှတ်ထား၍ ဧပြီ ၁၃ ရက် က ဗုံးအကြီးစားတစ်လုံးကြဲချခဲ့ရာ အာဖဂန်ပြည်သူများ သေဆုံးမှုမရှိကြောင်း အမေရိကန်နိုင်ငံ နှင့် နေတိုး (NATO) တပ်မှူး က ဧပြီ ၁၄...
ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့်မြောက်သည့် မွေးနေ့ပွဲအား ယနေ့ (ဧပြီလ ၁၅ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မက္ကဆီကို စီးတီး၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ဧပြီ ၁၃ ရက်က ဓါတ်ငွေ့တင်ယာဉ်တစ်စီး နှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် သေဆုံးသူ ဦးရေ ၂၄ဦးရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်စစ်တပ် သည် အာဖဂန်နစ္စတန်နိုင်ငံ ရှိ IS စစ်သွေးကြွတို့၏ တည်နေရာတစ်ခုအပေါ် နျူကလီးယားမဟုတ်သည့် အကြီးမားဆုံး ဗုံးတစ်လုံး ကြဲချခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က ဧပြီ၁၃ ရက်တွင် ပြောကြားခဲ့သည်။