ကဘူးလ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်၏ လေ့ကျင့်ရေးစင်တာ တစ်ခု၏ အပြင်ဘက်တွင် နိုဝင်ဘာ ၂၈ ရက်က အသေခံကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗုံးဖောက်ခွဲသူ တစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဒေလီအကြီးတန်းရဲအရာရှိတစ်ဦးသည် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ရဲဌာနချုပ် ၏ ၁၀လွှာမြောက်မှ ခုန်ချသတ်သေသွားခဲ့ကြောင်း သိရသည်။
ဂရန်နာဒါ ၊ စပိန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) စပိန်နိုင်ငံတွင် အလွန်အဖိုးတန်သော ရှေးဟောင်းတရုတ်စာပေများအား ဘာသာပြန်သည့် အလုပ်ကို ဆယ်စုနှစ်များစွာ လုပ်ကိုင်ရင်း ဘဝ၏ ပျော်ရွှင်ခြင်းသော့ချက်ကို ရှာဖွေတွေ့ရှိခဲ့သူတစ်ဦးမှာ တရုတ်ဘာသာစကား ၊ သမိုင်း ၊ ဓလေ့ထုံးတမ်း ၊ နိုင်ငံရေးတို့၌ ကျွမ်းကျင်သူ စပိန်လူမျိုး...
မက်ဒရစ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင် စပိန်နိုင်ငံတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှု ကို ပူးတွဲမြှင့်တင်ရန် နှင့် နှစ်နိုင်ငံပြည်သူများ ထံ အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်ရန် အတွက် သံတမန်ဆက်ဆံရေး တည်ဆောက်မှု ၄၅နှစ်ပြည့်အခမ်းအနား ပြုလုပ်ရန် နိုဝင်ဘာ ၂၈ ရက်က သဘောတူညီခဲ့ကြသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Kocaeli ပြည်နယ်ရှိ အဝေးပြေးလမ်းမ ဆောက်လုပ်နေစဉ် နိုဝင်ဘာလ ၂၈ ရက်က မီတာ ၃၀ မြင့်သော ကွန်ကရစ်တုံးတစ်ခု လဲကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးအုတ်ပဲ့များအကြား အလုပ်သမား ၅ ဦးထက်မနည်း ပိတ်မိနေကြောင်း NTV အသံလွှင့်ဌာနက...
ဆိုးလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် နယ်စပ်ကိုဖြတ်၍ နိုဝင်ဘာလ ၃၀ ရက်မှစတင်ကာ ရထားလမ်းများ ပူးတွဲစစ်ဆေးမှု တစ်ခု လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်သား ၃ ဦး သေဆုံးကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက နိုဝင်ဘာလ ၂၇ ရက်သတင်းဖော်ပြချက်အရ သိရသည်။
မက္ကဆီကို စီးတီး၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကို အမျိုးသားရွှေ့ပြောင်းသွားလာမှုဌာန (INM) သည် အမေရိကန်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုကျရှုံးသွားသည့် ဗဟိုအမေရိက ရွှေ့ပြောင်းသွားလာသူ ၉၈ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မက္ကဆီကို အစိုးရက နိုဝင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်း အာအိုမိုရိစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က နိုဝင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် Bethesda ရှိ စစ်ဆေးရုံတစ်ခု၌ သေနတ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။