Connect with us

Europe

အာဆင်ဝင်းဂါးက အင်္ဂလန်နိုင်ငံတွင် နည်းပြတစ်ဖန်ပြန်လုပ်ရန် မရှိတော့ကြောင်း ပြောကြား

အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါး အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးသည် အင်္ဂလန်နိုင်ငံတွင် နောက်ထပ်တစ်ဖန် ပြန်၍ ဘောလုံးအသင်းနည်းပြလုပ်သွားရန် မရှိတော့ကြောင်း ဒေသတွင်းမီဒီယာက အောက်တိုဘာ ၃၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

BBC သတင်းဌာနက အခြား အင်္ဂလန်ကလပ်အသင်းတစ်ခုကို ပြန်လာရန်ရှိပါသလားဟု မေးမြန်းခဲ့ရာတွင် အသက် ၆၉ နှစ်အရွယ် ပြင်သစ်နိုင်ငံသားနည်းပြက “ မရှိဖို့သေချာပါတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။

“ ကျွန်တော့်ဘဝတစ်ခုလုံးကို ကလပ်အသင်းတစ်ခုထဲမှာမြှုပ်နှံဖို့ရည်ရွယ်ထားပြီးသားပါ။ ဒါကသိပ်ကိုခက်ခဲပါလိမ့်မယ်။ပြီးတော့ လက်ခံနိုင်စရာမရှိဘူးလေ” ဟုပြောကြားခဲ့သည်။

အာဆင်နယ်အသင်းတွင် ၂၂ နှစ် နည်းပြလုပ်ခဲ့သော ဝင်းဂါးသည် ပြီးခဲ့သောဘောလုံးရာသီအဆုံး ကလပ်အသင်းမှ မထွက်ခွာမီအချိန်အထိ ၁၉၈၈ ခုနှစ် နှင့် ၂ဝဝ၂ ခုနှစ် ဘောလုံးရာသီများတွင် တစ်ရာသီအတွင်း ပရီးမီးယားလိဂ် နှင့် အက်ဖ်အေ ချန်ပီယံဖလား နှစ်ခုလုံးကို ရယူပေးနိုင်ခဲ့ခြင်းအပါအဝင် ပရီးမီးယားလိဂ် ချန်ပီယံဖလားသုံးကြိမ် နှင့် အက်ဖ်အေ(FA) ချန်ပီယံဖလား ခုနှစ်ကြိမ်ကို အာဆင်နယ်အသင်းနှင့်အတူ ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.