အက်စ်တာနာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ တောင်ပိုင်းဒေသတွင် အောက်တိုဘာလ ၃ ရက်က လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ငါးဦးလုံး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယား ပဋိပက္ခများအတွင်း အာဖဂန်ကလေးငယ်များကို အသုံးပြုနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံရှိ အီရန်သံရုံးက ငြင်းဆိုခဲ့ကြောင်း တီဟီရန်တိုင်းမ် နေ့စဉ် သတင်းစာက အောက်တိုဘာ ၃ ရက်တွင်ဖော်ပြခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ်အား ကျောထောက်နောက်ခံပေးထားသည့် ရုရှားစစ်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ပြီးခဲ့သော နှစ်ရက်တာအတွင်း အိုင်အက်စ်အကြမ်းဖက်သမား ၃ဝ၄ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်တွင်ပြောကြားခဲ့သည်။
ဟနွိုင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မူးယစ်ဆေးများ မှောင်ခို တင်သွင်းသည့် ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင် ဒေသခံ အမျိုးသား တစ်ဦး အား ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Nghe An စီရင်စုတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံ မီဒီယာက အောက်တိုဘာလ ၃...
နယူးယောက် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့ က အောက်တိုဘာ ၁ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၅၉ ဦး အသက်ဆုံးရှုံး ခဲ့ရပြီး ၅၂၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း...
ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် အောက်တိုဘာ ၁ ရက်က ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အခြား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်က အောက်တိုဘာ ၂ရက်တွင်ပြောကြားခဲ့သည်။
စတော့ခ်ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆုအား သိပ္ပံပညာရှင် သုံးဦးက ပူးတွဲ ဆွတ်ခူးခဲ့ကြောင်း စတော့ခ်ဟုမ်းရှိ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဘာလင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဘာလင်မြို့ရှိ လူနေရပ်ကွက် ပတ်ဝန်းကျင်အနီးတွင် ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးဘဲကျန်ရှိနေသည့် ၂၅၀ကီလိုဂရမ်အလေးချိန်ရှိ သော ဗုံးကြီးတစ်လုံးအား တွေ့ရှိခဲ့ပြီးနောက် လူပေါင်း ၁၀,၀၀၀ခန့်ကို ၎င်းတို့၏နေအိမ်များမှ ရွှေ့ပြောင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မက္ကဆီကို အနောက်ပိုင်း ဂျာလစ်ကိုပြည်နယ် တွင် ဘုရားဖူးများလိုက်ပါလာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး ဘုရားဖူး ၁၅ဦးသေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၂ရက် တွင်ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့၌ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုမှ အဖွဲ့ဝင်များကို ဖမ်းဆီးရမိကြောင်း ရုရှားနိုင်ငံပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့(FSB) က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။