ဂျကာတာ၊ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူဝါ၌ ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) တွင် လေကြောင်းစစ်ဆင်ရေးပြုလုပ်နေသော အင်ဒိုနီးရှားစစ်ဘက်မှ ဟာဂျူလိစ် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားကြောင်း နှင့် ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် လူပေါင်း ၁၃ ဦးသေဆုံးသွားကြောင်း လေတပ်ပြောခွင့်ရပုဂ္ဂိုလ် Jemi Trisonjaya က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် နိုင်ငံ၏ ကြည်းတပ်ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Bipin Rawat အား ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းက စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်ကြောင်း သိရသည်။
ဘာလင် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော ဟမ်းဘတ်မြို့(Harmburg) ၌ လာမည့် ၂ဝ၂၁ ခုနှစ်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပထမဆုံးစတင်အသုံးပြုသွားရန် စီစဉ်နေကြောင်း ဂျာမနီပြည်တွင်းသတင်းမီဒီယာက ဒီဇင်ဘာလ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဗီယင်နာ၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ) နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ အားမွေးဖွားခဲ့သည့် သြစတြီးယားနိုင်ငံမှ နေအိမ်တစ်လုံးအား ဖြိုဖျက်သွားမည်မဟုတ်ဘဲ လူမှုကူညီရေး ပရဟိတ အဖွဲ့အစည်းတစ်ခုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ၁၅ရက်က အတည်ပြုခဲ့ကြသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပါပူအာ နယူးဂါနီနိုင်ငံ နယူးအိုင်ယာလန်ကျွန်း အနီး ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ပေကျင်း စံတော်ချိန် ည ၆း၅၁ နာရီအချိန်၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ...
ကန်ဒဟာ၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် တောင်ပိုင်း ကန်ဒဟာပြည်နယ် မြို့တော် ကန်ဒဟာတွင် သေနတ်သမားများက မော်တော်ယာဉ် တစ်စီးအား ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ကပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါလာသည့် လေဆိပ်မှ အမျိုးသမီး ဝန်ထမ်းများနှင့် ယာဉ်မောင်း အပါအဝင် ၅...
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ၎င်း၏ အစိုးရ အဖွဲ့အတွင်း ၂၀၁၄ ခုနှစ်မှစ၍ လေးကြိမ်မြောက် အဖြစ် ပြောင်းလဲလိုက်သည့် အစိုးရအဖွဲ့သစ်အား ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးသစ် ဖြစ်လာမည့် အန်တိုနီယို ဂူတာရက်စ်သည် ၎င်း၏ ဝန်ထမ်း ဦးစီးမှူးအဖြစ် နိုင်ဂျီးရီးယားနိုင်ငံမှ မစ္စ အမီနာ ဂျေ. မိုဟာမက် (Amina J. Mohammed) အား လည်းကောင်း၊ အခြား အမျိုးသမီး...
ယီမင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ် မတ်လကတည်းက အရှိန်မြင့်လာသည့် ပဋိပက္ခများ မတိုင်မီကတည်းက ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ နည်းပါးမှုများ စသည့် စိန်ခေါ်မှုများနှင့် ယီမင်နိုင်ငံ ရင်ဆိုင်နေရကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတွင် ရက်တို နေထိုင်မည့် ရုရှားနိုင်ငံသား ခရီးသွား ဧည့်သည်များအတွေက် ဗီဇာ လိုအပ်ချက်များအား ဖြေလျှော့သွားမည် ဖြစ်ပြီး လာမည့် နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ...