Connect with us

Africa & Middle East

အီရန်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၁၅ ဦးအား ဖမ်းဆီး

အီရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ အောက်တိုဘာ၂၄ ရက်(ဆင်ဟွာ)

အီရန် စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အီရန်နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသတွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၁၅ ဦးအား မကြာသေးမီကာလတွင် ဖမ်းဆီးခဲ့သည်ဟု အီရန်နိုင်ငံ စုံစမ်းထောက်လှမ်းရေးဝန်ကြီးဌာန ဝန်ကြီး Mahmoud Alavi က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် IRNA သတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူ အကြမ်းဖက်သမား ၁၅ ဦးမှာ ဘာသာရေးလှုပ်ရှားမှုပွဲတစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိရာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက အသေခံဖောက်ခွဲရေးပစ္စည်းများကိုပါ တပါတည်း သိမ်းဆည်းရမိခဲ့ကြောင်း Mahmoud Alavi ကဆိုသည်။ ယခုဖမ်းဆီးရမိသော အကြမ်းဖက်သမားများသည် အချို့အိမ်နီးချင်းနိုင်ငံ၏ ထောက်ပံ့မှုကို ရရှိထားခြင်းဖြစ်ပြီး ၎င်းတို့အား ဦးဆောင်သူမှာ ယခုအခါ ဥရောပတိုက်၌ဖြစ်ကြောင်း ၊အီရန် ထောက်လှမ်းရေးစနစ်က အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုအားလုံးကို ချေမှုန်းနိုင်ကြောင်း Mahmoud Alavi က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က အီရန်တောင်ပိုင်း Ahvaz မြို့၌ ကျင်းပသည့် အီရန်-အီရတ်စစ်ပွဲ အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲအခမ်းအနားတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၊ တိုက်ခိုက်သူ ၄ ဦးအနက် နှစ်ဦးကို အချင်းဖြစ်နေရာ တွင် သုတ်သင်ရှင်းလင်းခဲ့ပြီးကျန်နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117