မက္ကဆီကိုစီးတီး ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ဟေတီ(Haiti) နိုင်ငံမြောက်ပိုင်း တောင်ထူထပ်သောဒေသအတွင်း အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီလ ၈ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ပြည်နယ်တွင် မကြာသေးမီက ရေကြီးမှုဖြစ်ပွားခဲ့ရာ ယင်းပြည်နယ်အတွင်းရှိ တိရစ္ဆာန်တစ်ရုံမှ မိကျောင်း ၁၀ကောင်ထက်မနည်း လွတ်သွားခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဇန်နဝါရီ ၇ရက်တွင် ဖော်ပြခဲ့သည်။
လစ္စဘွန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံသမ္မတဟောင်း မာရီယို စိုရက်စ် သည် ပေါ်တူဂီနိုင်ငံ မြို့တော် လစ္စဘွန်းမြို့ရှိ ဆေးရုံတစ်ခုတွင် နှစ်ပတ်ကြာတက်ရောက်ပြီးနောက် ဇန်နဝါရီ ၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၉၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ကြားဝင်နှောက်ယှက်ခဲ့သည်ဆိုသော အကြောင်းအရာများကို အမေရိကန်နိုင်ငံထောက်လှမ်းရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်တွင် အများပြည်သူတို့အား ထုတ်ပြန်ခဲ့သည်။
အစ္စလမ်မာဘတ် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး(ဟောင်း) ရာဟီရှရစ် ( Raheel Sharif ) အား အစ္စလမ်မစ် ၃၉ နိုင်ငံ ညွန့်ပေါင်း တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Khwaja Asif က...
ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Fort Lauderdale –Hollywood လေဆိပ်၌ ဇန်နဝါရီလ ၆ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ကဆိုသည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်ပိုင်း အစ်ဇ်မီးယားမြို့တွင် ဇန်နဝါရီလ ၅ ရက် အစောပိုင်းက ကား တစ်စီး ဗုံးပေါက်ကွဲပြီးနောက် ယင်းနိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသားများအား တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
လန်ဒန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ ထိန်းချုပ် နိုင်သည့် လေဆာ ရောင်ခြည် လက်နက် နမူနာ ကို ထုတ်လုပ်သွားမည် ဖြစ်ပြီး အနာဂတ်တွင် လက်တွေ့တိုက်ပွဲ၌ အသုံးပြုနိုင်သည့် လေဆာ ရောင်ခြည် လက်နက်...
ဒမက်စကက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သည့် လာတာကီရာမြို့တွင် ဇန်နဝါရီ ၅ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
ဂျီနီဗာ ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဂျီနီဗာ တွင် တည်ရှိသည့် သတင်းမီဒီယာ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်း ဖြစ်သည့် ” သတင်းမီဒီယာ သင်္ကေတ လှုပ်ရှားမှု”( Press Emblem Campaign ) မှ ဇန်နဝါရီ ၅ ရက်နေ့တွင်...