ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) Yahoo အီးမေးလ်အကောင့်အသုံးပြုသူ ၁ ဘီလီယံကျော်၏ အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း Yahoo ကုမ္ပဏီက ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်း တော်ဝင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် မြောက်မြားစွာသော အကျဉ်းသားများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဋ္ဌာနက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အများပြည်သူဆိုင်ရာ ရုပ်ရှင်ကားများပြသရာ၌ မပြသမီ နိုင်ငံတော်သီချင်းထုတ်လွှင့်စဉ် မတ်တပ်မရပ်ခဲ့၍ အနည်းဆုံးလူ ၂၀ဦးအား ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ကယ်လီဖိုးနီးယားပြည်နယ် Bakersfield မြို့၌ ညပိုင်း တစ်ဦးတည်းလမ်းလျှောက်လာသော အသက် ၇၃ နှစ်အရွယ်ရှိ လက်နက်မဲ့ အဖိုးအိုတစ်ဦးအား ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းစာက ဒီဇင်ဘာလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
တိုကျို ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် MV-22 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစ်စင်းသည် Okinawa ကျွန်း အနီးတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ပေါ်ရှိ ဝန်ထမ်း ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ...
ချက်၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ) ချက်နိုင်ငံ Vyskov မြို့ ပတ်ဝန်းကျင်တွင် ဒီဇင်ဘာ ၁၂ရက်နေ့လည်ပိုင်းက ရဲတပ်ဖွဲ့ဝင်များသည် ခိုးယူလာသော ကားအားမောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို လိုက်လံဖမ်းဆီးရာ ရပ်တန့်ခြင်းမရှိခဲ့၍ ၎င်းအား ပစ်သတ်၍ ဖမ်းဆီးခဲ့ရကြောင်း ချက်နိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Stepanka Komarova က ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၄ရက် နံနက်အစောပိုင်းက ငါးဖမ်းလှေတစ်စီး တိမ်းမှောက်ခဲ့၍ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအပါအဝင် သင်္ဘောသား ကိုးဦး ပျောက်ဆုံးနေကြောင်း ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။
တိုကျို၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ရှိသည့် တရုတ်၊ဂျပန် နှင့် ကိုးရီးယား သုံးနိုင်ငံဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Fumio Kishida က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ပါရီ၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တွင် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးသည် ရွှေများ တင်ဆောင်လာသည့် သံချပ်ကာဗင်ကားအား တိုက်ခိုက်ခဲ့ပြီး ယူရို ၂.၅သန်း (အမေရိကန်ဒေါ်လာ ၂.၆၅သန်း) တန် ရွှေများအား လုယူသွားခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဒီဇင်ဘာ ၁၂ရက်တွင်ဖော်ပြခဲ့သည်။
ရာဘက်၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံသည် TOW 2A အမျိုးအစား တင့်ကားဖျက်ဒုံးကျည် ၁,၂၀၀ခုအား အမေရိကန်နိုင်ငံ မှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဒီဇင်ဘာ ၁၂ရက်တွင် ဖော်ပြခဲ့သည်။