Connect with us

Australia / Oceania

သြစတြေးလျတွင် ဒေါ်လာ တစ်သန်း နှင့် ညီမျှသော ပြည်တွင်းငွေစက္ကူများ နှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့က နေအိမ်တစ်လုံး မှ မူးယစ်ဆေးဝါးများ နှင့် ငွေစက္ကူများ ရှာဖွေတွေ့ရှိစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနေ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ Queensland ပြည်နယ် မြို့တော် Brisbaneမြို့ ဆင်ခြေဖုံးရပ်ကွက် ရှိ နေအိမ်တစ်ခု မှ မူးယစ်ဆေးဝါးများ နှင့်အတူ အမေရိကန်ဒေါ်လာ တစ်သန်း တန်ဖိုးရှိ ပြည်တွင်း ငွေစက္ကူများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်သော ဗွီဒီယိုဖိုင်အရ ရဲအရာရှိများသည် နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ရှာဖွေရာ အဝတ်လျှော်စက်တစ်ခုအနီး ပြန့်ကျဲနေသော ငွေစက္ကူများ အပါအဝင် ခရီးဆောင်သေတ္တာကြီးတစ်ခုအတွင်း ထည့်ထားသော ငွေစက္ကူများကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် မှောင်ခိုဈေးကွက်အရ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ တန်ဖိုး ရှိ ဆေးခြောက် ၄၀ကီလိုဂရမ်၊ MDMA ၂ ဂရမ် နှင့် ကိုကင်း ၃၀၀ ဂရမ် ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အသက် ၂၈နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၂၇နှစ်အရွယ် အမျိုးသမီး တစ်ဦး တို့သည် အန္တရာယ် ရှိသော မူးယစ်ဆေးဝါးများ လက်ဝယ်ကိုင်ဆောင်မှု အပါအဝင် အခြားသော စွဲချက်များစွာဖြင့် စက်တင်ဘာ ၁၁ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အခြား အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့သည်လည်း အလားတူ ပြစ်မှုမျိုးဖြင့် စက်တင်ဘာလ နှောင်းပိုင်းတွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးနင်းဖမ်းဆီးမှုများအား ပြည်နယ်အတွင်း အုပ်စုဖွဲ့ရာဇဝတ်မှုများကို ပစ်မှတ်ထားအရေးယူရန် ဖွဲ့စည်းထားသည့် Taskforce Maxima အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.