ချန်ဒူး၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ အနောက်တောင်ပိုင်းတွင် မြူခိုးများ များပြားစွာ ကျဆင်းနေမှုကြောင့် ခရီးစဉ်များ ပယ်ဖျက်ခဲ့ရသဖြင့် ဒီဇင်ဘာလ ၇ ရက် ညပိုင်းကတည်းက ချန်ဒူး လေဆိပ်၌ ခရီးသည် ၁၀,၀၀၀ ကျော် သောင်တင်နေကြောင်း သိရသည်။
ပါကစ္စတန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၌ ယနေ့( ဒီဇင်ဘာ ၇ ရက်)တွင် လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားရာ နိုင်ငံခြားသား ၃ ဦးအပါအဝင် လူပေါင်း ၄၇ ဦးသေဆုံး သွားကြောင်းသိရသည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ယနေ့( ဒီဇင်ဘာလ ၇ ရက်) နံနက် ၅ နာရီ ၃ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေမှာ ညနေပိုင်းတွင် ၉၇ ဦး နှင့် ဒဏ်ရာရသူမှာ ၆ဝဝ...
အေဒန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)ယီမင်နိုင်ငံ အစွန်အဖျားရှိ ဆိုကိုထရာကျွန်းတွင် သင်္ဘော တိမ်းမှောက်ခဲ့ရာ လူပေါင်း ၆၀ ပျောက်ဆုံးနေကြောင်း ပင်လယ်ငါးဖမ်းလုပ်ငန်း ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၇ ရက်၌ ကြေညာလိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)ခရီးသွားလာရေး ကုမ္ပဏီ တစ်ခုက လကမ္ဘာသို့ ခရီးသွားလာနိုင်ရေး အထူးကြိုးစားလျက်ရှိရာ လာမည့် ၁၀ နှစ်အတွင်း သာမန်လူသားများလည်း မိမိတို့၏ အားလပ်ရက်များတွင် လကမ္ဘာသို့ သွားရောက်လည်ပတ် အချိန်ဖြုန်းနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
ပဲရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) လက်ရှိ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve အား ဝန်ကြီးချုပ်အဖြစ် မန်နျူရယ် ဗောလ်စ် (Manuel Valls) ၏ နေရာ၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အစားထိုး...
ဝါဆော၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)ပိုလန်အာဏာပိုင်များသည် ဘယ်လာရုစ်နိုင်ငံ နှင့် ထိစပ်နေသည့် ပိုလန်အရှေ့ပိုင်းနယ်စပ်တွင် အမေရိကန်ဒေါ်လာ ၂.၂၅သန်း တန်ဖိုးရှိသည့် တရားမဝင်ဆေးလိပ်များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင် ဆေးလိပ်အရေအတွက် အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)အီရန်နိုင်ငံတီဟီရန်မြို ့ရှိ ရေကန်ကြီးတစ်ခုထဲသို့ဒီဇင်ဘာလ ၆ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားခဲ့ရာ လူ နှစ်ဦး သေဆုံးသွားကြောင်း တီဟီရန်မြို့အရေးပေါ်ကယ်ဆယ်ရေးစင်တာ မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် က IRNA သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ) အနာဂတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းမည့် Air Force One လေယာဉ်သစ် တစ်စီး၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်တန်ဖိုးရှိကြောင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၅ ခုနှစ်တွင် ငှက်ဖျားရောဂါလုံးဝ ကင်းစင်သွားစေရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန်က မေတ္တာရပ်ခံခဲ့ကြောင်း အကြီးတန်း အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားသည်။