Connect with us

Asia

ဘန်ကောက် ရှိ အဝတ်လျှော်လုပ်ငန်းတွင် ဓါတ်ငွေ့ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွား

ဘန်ကောက်တွင် ဓါတ်ငွေ့ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဝတ်လျှော်ဆိုင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ဘန်ကောက်မြို့ မြို့လယ်ကောင်ရှိ အဝတ်လျှော်လုပ်ငန်းတစ်ခုတွင် စက်တင်ဘာ ၃ရက်က ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ကိုယ်တိုင်လျှော် အဝတ်လျှော်လုပ်ငန်းတွင် စက်တင်ဘာ ၃ရက်က အဝတ်လျှော်စက်များ အသုံးပြုရန် လူအများစောင့်ဆိုင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၃ဦး နှင့် အမျိုးသမီး ၅ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

သုံးထပ်တိုက်အဆောက်အအုံတွင် ဖွင့်လှစ်ထားသော အဆိုပါ အဝတ်လျှော်လုပ်ငန်း နှင့် ကပ်လျက် ဆိုင်ခန်းများနှင့် လက်တွန်းလှည်းဆိုင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ၌ ဓါတ်ငွေ့အိုး ၆လုံးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄လုံးကို အခြောက်ခံစက် အတွက် အသုံးပြုခြင်း ဖြစ်ကာ ကျန်၂လုံးကို အရန်အဖြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဝတ်လျှော်လုပ်ငန်းပိုင်ရှင်က ဆိုင်ဖွင့်ထားသည်မှာ ၃ရက်သာ ရှိသေးကြောင်း၊ ဖောက်သည်များအား ဆွဲဆောင်ရန် အခမဲ့လျှော်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းဆိုင်ရှင်အနေဖြင့် ထောင် ၆လ နှင့် အတူ ထိုင်းဘတ်ငွေ ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၅၁၅ ဒေါ်လာခန့်) ဒဏ်ကြေးပေးဆောင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.