Connect with us

North America

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၃ ဦး သေဆုံး

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ တောင်ပိုင်း မစ္စစ္စပီ ပြည်နယ် တွင် စက်တင်ဘာ ၂ ရက် ၌ မိသားစု ပြဿနာ ကြောင့် သေနတ်ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရဲ တပ်ဖွဲ့ ၏ ပြောကြားချက်အရ သေနတ်ပစ်ခတ်မှု က မစ္စစ္စပီ ပြည်နယ် အနောက်တောင်ပိုင်း ရှိ Brookhaven မြို့ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၂ ရက် ညနေပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ အချင်းဖြစ်ပွားရာ နေအိမ် သို့ ရဲတပ်ဖွဲ့ ရောက်ရှိချိန်တွင် သေဆုံးနေသည့် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး တစ်ဦး အား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ က ကနဦး စစ်ဆေးချက်များအရ သေဆုံးသူများ မှာ အမျိုးသား တစ်ဦး နှင့် ၎င်း၏ ဇနီး နှင့် ဇနီး၏ ဖခင် တို့ ဖြစ်ကြကြောင်း ၊ သေဆုံးခဲ့သည့် အမျိုးသား က ဇနီးသည် နှင့် ဇနီးသည် ၏ ဖခင် တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ၊ သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.