ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၂၃ (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်က ကလေးငယ်များ၏ အမြင်မတင့်တယ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ညစ်ညမ်းဓာတ်ပုံ အွန်လိုင်းတင်ခဲ့သူ ၁၅ ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဆန်တီဂို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အစပြု ဖော်ဆောင်ထားသည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သို့ ဖြစ်နိုင်သမျှ မြန်မြန် ပါဝင် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ချီလီနိုင်ငံ သမ္မတ မစ်ရှဲလ် ဘတ်ချလတ် (Michelle Bachelet) က...
ကဘူးလ်၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နောက်ဆုံး စစ်ဆင်ရေးများအတွင်း စစ်သွေးကြွအရေအတွက် အများအပြား သုတ်သင်နိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က နိုဝင်ဘာ ၂၃တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) မွေးရာပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ်များသည် မွေးဖွားပြီး လပိုင်းအကြာတွင် ဦးခေါင်းသေးခြင်း သို့မဟုတ် ပုံမှန် မဟုတ်သော ဦးခေါင်းသေးခြင်းများ ဖြစ်ပွားနိုင်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) က နိုဝင်ဘာလ...
ဒါကာ၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ ဓါတ်မီးခြစ်စက်ရုံတစ်ခု တွင် နိုဝင်ဘာ ၂၂ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အမျိုးသမီးအများစု အပါအဝင် အလုပ်သမားပေါင်းများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒေါ်နယ်ထရမ့် အုပ်ချုပ်မည့် အစိုးရသက်တမ်းအတွင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ၏ ကိုယ်ပိုင်အီးမေလ်းဆာဗာအသုံးပြုခဲ့သည့် ကိစ္စရပ်အပေါ် ဖော်ထုတ်စစ်ဆေးမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအိုဘားမားက ဘက်စ်ကတ်ဘော ချန်ပီယံ(ဟောင်း)များဖြစ်ကြသော မိုက်ကယ်ဂျော်ဒန် နှင့် Kareem Abdul-Jabbar တို့နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၁ ဦးအား သမ္မတ၏ လွတ်လပ်ခြင်းဆုတံဆိပ်ကို အိမ်ဖြူတော်၌ နိုဝင်ဘာလ ၂၂ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်တီယေဂို ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံကြားရှိနေသော လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှု ( FTA) ကို အဆင့်မြှင့်တင်ရန် စတင်ဆွေးနွေးခြင်းကို နိုဝင်ဘာလ ၂၂ ရက်က သဘောတူညီခဲ့ကြကြောင်းသိရသည်။
မယ်လ်ဘုန်း၊ နိုဝင်ဘာ ၂၂ရက် (ဆင်ဟွာ) အရက်သောက်သုံးခြင်းသည် အသင့်စားအစာအစားများ ကဲ့သို့သော အာဟာရနည်းပါးပြီး ကိုလက်စထရောများစေသည့် အစားအစာများ စားသုံးသကဲ့သို့ ကိုယ်အလေးချိန် တက်ကာ အဝလွန်နိုင်စေကြောင်း သြစတြေးလျ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရသည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံရှိ Mont Pelerin ဟိုတယ်၌ နိုဝင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် ဆိုက်ပရက်စ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ကုလသမဂ္ဂမှ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှု နောက်ဆုံးဆွေးနွေးပွဲသည် မျှော်လင့်ထားသောသဘောတူညီမှုတစ်စုံတစ်ရာမရဘဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သည့် သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။