Connect with us

Asia

ထိုင်းတွင် အဓိက ဆည်ရေလျှံ၍ ရေကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ Kaeng Krachan ဆည် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်း ပက်ရှ်ဘူရီပြည်နယ် ရှိ အဓိက ဆည်တစ်ခုသည် သြဂုတ် ၂၂ ရက် နေ့လည်ပိုင်းတွင် ရေလျှံလာနိုင်မည်ဟု ခန့်မှန်းရပြီး ထိုမှတစ်ဆင့် ရေကြီးမှု ဖြစ်ပေါ်လာနိုင်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။

Kaeng Krachan ဆည်သည် လက်ရှိတွင် ရေပမာဏ ၇၇၇သန်း ကုဗမီတာ (သို့) ၎င်းသိုလှောင်နိုင်သော ပမာဏ၏ ၁၀၉ရာခိုင်နှုန်းကို သိမ်းဆည်းထားပြီး ၁၀နှစ်တာကာလအတွင်း ရေပမာဏအများဆုံးဖြစ်ကာ တစ်စက္ကန့်လျှင် ၂၈၆ကုဗမီတာနှုန်းဖြင့် ရေများ ဖောက်လွှတ်နေကြောင်း သိရသည်။

ယင်းသို့ ရေများ ဖောက်လွှတ်မှုကြောင့် ပက်ရှ်ဘူရီမြစ်ကမ်းပါးဒေသများတွင်ရေကြီးလာနိုင်ပြီး သြဂုတ် ၂၂ ရက် နေ့လည်ပိုင်းမတိုင်ခင် ပက်ရှ်ဘူရီမြို့ တွင်ရေကြီးနိုင်ကြောင်း ပြည်နယ်ဆိုင်ရာ ဆည်မြောင်းစီမံကိန်း ညွှန်ကြားရေးမှူး Sant Jorncharoen က သြဂုတ် ၂၁ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၎င်းက ဆည်၏ ရေပိုလွှဲအပေါက်တွင် သြဂုတ် ၂၁ ရက် နံနက်ပိုင်းက စီးဆင်းနေသော ရေအမြင့်သည် ၁.၄၄မီတာ ရှိကြောင်းပြောကြားခဲ့သည်။

ဆည်မြောင်းဦးစီးဌာန က မြို့အတွင်း၌ ၅ရက်မှ ၇ ရက်အထိ ရေကြီးနိုင်ပြီး ရေအမြင့် ၁၀ မှ ၂၀ စင်တီမီတာ အထိ ရှိနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။

မြစ်များအနီး တည်ဆောက်ထားသော အပန်းဖြေ ဟိုတယ် အလုံး ၅၀ နီးပါး ရေမြုပ်ကုန်သဖြင့် မြစ်ရေမြင့်တက်မှု ကျဆင်းအောင် လုပ်ဆောင်ရန် ပြည်နယ်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုထားကြောင်း သိရသည်။

အခြားပြည်နယ် ၈ခုဖြစ်သည့် Bueng Kan, Sakhon Nakhon, Chanthaburi, Trat, Ranong, Krabi, Trang နှင့် Satun ပြည်နယ်များတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.