ဝါရှင်တန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် တရုတ် သုတေသီ အဖွဲ့သည် စူပါ ကွန်ပြူတာ စနစ် နယ်ပယ်တွင် အမြင့်ဆုံးဆု ဖြစ်သည့် ၂၀၁၆ ခုနှစ် ACM Gordon Bell ဆုအား နိုဝင်ဘာလ ၁၇...
ရမ်မာဒီ၊ နိုဝင်ဘာ ၁၈ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ် Fallujah မြို့အနီးရှိ မြို့တစ်မြို့တွင် နိုဝင်ဘာ ၁၇ရက်က မင်္ဂလာဆောင်တစ်ခုအား ပစ်မှတ်ထား၍ အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလူ ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာလုံခြုံရေး သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
မာပူတို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း တွင် နိုဝင်ဘာ ၁၇ရက်က ဆီတင်ကားတစ်စီးပေါက်ကွဲခဲ့၍ လူ ၇၃ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း မိုဇမ်ဘစ်အစိုးရက ပြောကြားခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ရာထူးမှ အနားယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ကြေညာခဲ့သည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံတကာ စက်ဘီးပြပွဲအား ပထမဆုံးအကြိမ်အဖြစ် မြို့တော် ဟနွိုင်းတွင် နိုဝင်ဘာလ ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် အရှေ့ ဂျာဗားပြည်နယ်၌ နိုဝင်ဘာလ ၁၆ ရက် ညသန်းခေါင်၌ လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် အိမ်ခြေ ဒါဇင်များစွာ ပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီက နိုဝင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။
မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် မိခင်နိုင်ငံ ပြင်ပ၌ နေထိုင်ကြသော နိုင်ငံတကာမှ ပြည်သူများက မဲလ်ဘုန်းမြို့မှာ ကမ္ဘာပေါ်၌ နေချင့်စဖွယ် အကောင်းဆုံးမြို့ဖြစ်ကြောင်း ပြောကြားကြသည်ဟု နိုင်ငံတကာ လေ့လာမှု စစ်တမ်း တစ်ခုအရ သိရသည်။
ဂျကာတာ၊နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တရားရုံးချုပ်က တရားမဝင် သစ်မှောင်ခိုထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအား ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ( အင်ဒိုနီးရှားရူပီးယား ၁၆.၂၄ ထရီလီယံ) ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့်သစ်တောဝန်ကြီးဌာနသည် အဆိုပါ အမှုတွင်အနိုင် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ်၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် ပညာကို ဦးစားပေးသည့်နိုင်ငံတစ်ခု ဖြစ်သည့်အလျောက် တောင်ကိုရီးယားကျောင်းသားများသည် အနာဂါတ်အတွက် အရေးကြီးသည့် နှစ်စဉ် ကျင်းပမြဲဖြစ်သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား နိုဝင်ဘာ ၁၇ရက်တွင် စတင်ဖြေဆိုကြရပြီး အစိုးရကလည်း စာမေးပွဲဖြေဆိုသူများအတွက် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ အား ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မက္ကဆီကို စီးတီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံရှိ ကမ္ဘာ့အဝဆုံး အမျိုးသားသည် ၎င်း၏ ခန္ဓာကိုယ် အလေးချိန်အား လျှော့ချရန် ကုသမှု ခံယူနေပြီ် ဖြစ်ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာလ ၁၆ ရက်က သတင်းတင်ပြထားသည်။