အန်ကာရာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၏ အရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း ၃ လ ထပ်မံတိုးလိုက်ကြောင်း တူရကီ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က အောက်တိုဘာလ ၃ ရက်တွင်ပြောကြားချက်ကို ကိုးကား၍ Anadolu သတင်းဌာနက ဖော်ပြသည်။
နက်တယ် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အောက်တိုဘာ ၆ ရက်တွင် ဘိုလီဗီးယားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးအသင်း၏ အကြိုလေ့ကျင့်ရေးအစီအစဉ် ပြန်လည်စတင်ချိန်တွင် နေမာအပါအဝင် အဓိက ကစားသမား ၅ ဦးကို အောက်တိုဘာလ ၃ ရက်က အနားပေးခဲ့ကြောင်း သိရသည်။
ဟဲရတ်လီယွန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ အဆင့်မြင့် အရာရှိ လျူ ယွန်းရှန် (Liu Yunshan) သည် ဂရိနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အောက်တိုဘာလ ၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
ရီယို ဒီဂျနေရိုး၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဘရာဇီး နိုင်ငံတကာ ကွင်းလယ် ကစားသမား လူးကက်စ် မီမာသည် လာမည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ ကစားနိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လစ်ဗျား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့မှ လက်ဖြောင့်သေနတ်သမားတစ်ဦး၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် နယ်သာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် ဓါတ်ပုံသတင်းထောက် သေဆုံးခဲ့ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အောက်တိုဘာ ၂ရက် ညတွင် အတည်ပြုခဲ့သည်။
မက်ဒရစ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတောင်ပိုင်း Velez-Malaga မြို့ရှိ ကော်ဖီဆိုင်တစ်ခုတွင် အောက်တိုဘာ ၁ရက် ညက ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ဦးရေသည် စုစုပေါင်း ၉၀ဦး အထိရှိလာကြောင်း အတည်ပြုခဲ့ပြီး ငါးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဘိုဂိုတာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ကိုလံဘီယာအစိုးရ နှင့် ကိုလံဘီယာတော်လှန်းရေးတပ်ဖွဲ့(FARC) တို့အကြား ငြိမ်းချမ်းရေး ကိစ္စကို လက်မခံနိုင်ကြောင်း အောက်တိုဘာလ ၂ ရက်က razor-thin အဖွဲ့မှ ဦးဆောင်ပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုလံဘီယာပြည်သူများက ကန့်ကွက်မဲပေးခဲ့ကြသည်။
မနီလာ ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ဂျူးလူမျိုးသန်းပေါင်းများစွာအား အဒေါ့ဟစ်တလာက သုတ်သင်သတ်ဖြတ်ခဲ့သည့် နည်းတူ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ မူးယစ်ဆေးစွဲနေသူများအား သုတ်သင်သတ်ဖြတ်ခဲ့သည်ကို ပျော်ရွှင်ကျေနပ်မိကြောင်း မှတ်ချက်စကားပြောကြားခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၎င်း၏ မှတ်ချက်စကားအတွက် ဂျူးအသိုင်းအဝိုင်းအား အောက်တိုဘာလ ၂ ရက်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ဘန်ဒါစရီဘာဂါဝန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမား ၁ သိန်းကျော် ရှိကြောင်း ၊ အများစုမှာ ပုဂ္ဂလိကလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြကြောင်း ဘရူနိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာန (ခေတ္တ)ကော်မရှင်နာမင်းကြီး Shariful-Bahri က အောက်တိုဘာလ ၂ ရက်တွင်ပြောကြားလိုက်သည်။
မနီလာ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အဘူဆေးယက်ဖ်အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော အင်ဒိုနီးရှား တန်ဆာခံ သုံးဦးကို ဖိလစ်ပိုင်တောင်ပိုင်း Sulu ပြည်နယ်၌ ပြန်လွှတ်ပေးခဲ့ကြောင်း ဖိလစ်ပိုင်အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂ ရက်တွင်ပြောကြားလိုက်သည်။