Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရဝမ်ဒါနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရဝမ်ဒါနိုင်ငံ သမ္မတ Paul Kagame (ဝဲ) တို့အား ၂၀၁၇ခုနှစ် မတ် ၁၇ တွင် ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ကီဂါလီ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် အဖြစ် ရဝမ်ဒါနိုင်ငံ သို့ ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသည့် ရှီ နှင့် ဇနီးဖြစ်သူ ဖန်လိယွမ်တို့အား ရဝမ်ဒါနိုင်ငံ သမ္မတ Paul Kagame နှင့် ဇနီးဖြစ်သူ Jeannette Kagame တို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။

ရှီ က ၎င်းသည် ရဝမ်ဒါနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ ရဝမ်ဒါမြေပေါ်သို့ ခြေချလိုက်သည်နှင့် တရုတ်နိုင်ငံသားများအပေါ်ထားရှိသော ရဝမ်ဒါအစိုးရနှင့် ပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုကို ခံစားရပါကြောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော ၄၇နှစ်တာကာလ ကတည်းက တရုတ်နိုင်ငံ နှင့် ရဝမ်ဒါနိုင်ငံ တို့သည် တစ်ဖက် နှင့် တစ်ဖက် ရိုးသားမှု၊ ချစ်ခင်ရင်းနှီးမှု တို့ဖြင့် သာတူညီမျှစွာ ဆက်ဆံခဲ့ကြကြောင်း နှင့် နှစ်နိုင်ငံ ဆက်ဆံရေး တွင် ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

ရဝမ်ဒါသမ္မတ Kagame က ရှီ၏ နိုင်ငံတော် ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ သည် ဆီနီဂေါနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အပြီး ယင်းမှတစ်ဆင့် ရဝမ်ဒါနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.