ဘာလင်၊ ဇွန် ၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ မုန်တိုင်းတိုက်ခတ်ပြီးနောက် Rheinland-Pfalz ပြည်နယ် Lunebach မြို့ရှိ တိရစ္ဆာန်ရုံတစ်ခု ၏ တိရစ္ဆာန်လှောင်အိမ်များ ပျက်စီးသွား၍ ခြင်္သေ့၊ ကျား နှင့် ကျားသစ်များ အပါအဝင် အခြားအန္တရာယ်ရှိ တိရစ္ဆာန်များစွာ တိရစ္ဆာန်ရုံမှ လွတ်သွားကြောင်း SWR.de သတင်းက...
အက်ခ်ရာ၊ ဇွန် ၁ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ တွင် လှေမှောက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာန က မေ ၃၁ ရက်တွင်ဖော်ပြခဲ့သည်။
အန်ကာရာ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တွင် မေ ၃၁ ရက် က IS စစ်သွေးကြွအဖွဲ့ နှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ အနည်းဆုံး ၃၆ဦး ကို ဖမ်းဆီးခဲ့ကြောင်း Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။
အဘူဂျာ၊ ဇွန် ၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ် တွင် မေ ၃၁ရက်က သေနတ်သမားများသည် အနည်းဆုံး ခရီးသည် ၂၅ဦးအား ပြန်ပေးဆွဲခဲ့ကြောင်း ပြည်တွင်းပို့ဆောင်ရေးသမဂ္ဂ က ပြောကြားခဲ့သည်။
ပဲရစ် ၊ မေ ၃၁ ရက်(ဆင်ဟွာ) ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲခြိမ်းခြောက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးဟန်ချက်ပျက်သည့်ပြဿနာအား ဖြေရှင်းရန် လုံးဝအထောက်အကူမပြုနိုင် ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ဘက်ပေါင်းစုံပါဝင်ဆောင်ရွက်မှုဖြင့် ကုန်သွယ်ရေးပွတ်တိုက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်အဖြေရှာရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron )က မေလ ၃၀...
ဆိုးလ်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား သုံးနိုင်ငံထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ခြေသည် မြောက်ကိုရီးယား-အမေရိကန် အစည်းအဝေးပွဲရလဒ်ပေါ်မူတည်ကြောင်း တောင်ကိုရီးယား သမ္မတ အိမ်ပြာတော် က မေ ၃၁ရက်တွင်ထုတ်ပြန်ခဲ့သည်။
ဆစ်ဒနီ၊ မေ ၃၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ကောင်ရှိ အထပ်မြင့်အဆောက်အအုံ၏ ငြမ်းစင် မေလ ၃၁ ရက်က နံနက်ပိုင်း ရုံးတက်ချိန်မတိုင်မီ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၀ ခန့် ရွှေ့ပြောင်းခဲ့ရကြောင်း၊ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဘာလင်၊ မေ ၃၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမြောက်ပိုင်း Flensburg မြို့ ရှိ ရထားဘူတာရုံတစ်ခုတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာန တစ်ခုက မေ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ မေ ၃၁ ရက်(ဆင်ဟွာ) အီရန်၏အဖွဲ့အစည်း ၃ ခုနှင့် လူပုဂ္ဂိုလ် ၆ ဦး အား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၃၀ ရက်တွင် ကြေညာခဲ့သည်။
တီဘလီစီ ၊ မေ ၃၁ ရက် (ဆင်ဟွာ) ဂျော်ဂျီယာ နိုင်ငံ ဝန်ကြီးချုပ် Giorgi Kvirikashvili က မေလ ၃၀ ရက်နေ့ တွင် ဂျော်ဂျီယာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင်...