မော်စကို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် ( Dmitry Medvedev ) သည် ရှေ့လာမည့် ၅ နှစ်တာသက်တမ်း အတွက် ရုရှားအာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီလ ၂၂ ရက်တွင် ပြန်လည်အရွေးခံရကြောင်းသိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) လွန်ခဲ့သော သုံးလကျော်အကြာက မီးလောင်ကျွမ်းလေ့ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်းထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက်ရှိခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက်ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟု တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာရေး၊ အရှေ့အလယ်ပိုင်းအတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ရရှိရန် နည်းလမ်းများ နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂...
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၄ခု တွင် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၂ ရက်အတွင်း ပြင်းထန်သည့် လေဆင်နှာမောင်း နှင့် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၁၆ ဦးသေဆုံးခဲ့ကာ မြို့အတွင်းရှိ...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသား အသက် ၉၄နှစ်အရွယ် အဖွားအိုတစ်ဦး သည် ကောလိပ်တစ်ခုမှ ရမှတ်ကောင်းများ ဖြင့် ဘွဲ့ရလာပြီးနောက် မာစတာဘွဲ့ထပ်မံရယူရန် စိတ်အားသန်နေကြောင်း သိရသည်။
ကိုင်ရို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ယီမင် အစိုးရတပ်ဖွဲ့ နှင့် ဟူတီသူပုန်တပ်ဖွဲ့ တို့အကြား ယီမင် နိုင်ငံ အနောက်ပိုင်းတွင်တည်ရှိသည့် mokha ဆိပ်ကမ်း ၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ လက်ရှိချိန်တွင် အနည်းဆုံး သေဆုံးသူ ၆၉ ဦး ရှိပြီး...
ဆစ်ဒနီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ဟာဝိုင်ရီပြည်နယ် ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ သည် ပါပူဝါနယူးဂီနီနိုင်ငံ (PNG) တွင် ဇန်နဝါရီ ၂၂ရက်တွင် ရစ်ချ်တာစကေး ၇.၉ ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်ပြင်းတစ်ခုနှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် ပစိဖိတ်ဒေသအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်တွင် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ခရီးသည်တင်ရထား တစ်စီး လမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၃၂ဦးထက်မနည်းသေဆုံးပြီး လူ ၅၅ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းမီးရထား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် က ဖနွမ်းပင်မြို့တွင် ၂၀၁၇ခုနှစ် မေလ ၁၀ရက် မှ ၁၂ ရက်အထိ အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့သည် ဇန်နဝါရီလ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး Sean Spicer က ဇန်နဝါရီလ ၂၁ ရက်တွင်ပြောကြားခဲ့သည်။