Connect with us

Eastern Europe

ဆီးရီးယားအရေးအပေါ် ပူတင် နှင့် အာဒိုဂန် ဖုန်းဆက်ဆွေးနွေး

ရုရှားနိုင်ငံသမ္မတ ပူတင်(ဝဲ) နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန်(ယာ)တို့  ၂ဝ၁၈ ခုနှစ် ဧပြီ ၃ ရက်က တွေ့ ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန်တို့သည် ဆီးရီးယားအရေး အဖြေရှာရန် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဇူလိုင် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြသည်။

“ နိုင်ငံတကာ နဲ့ဒေသတွင်း အရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဆီးရီးယားအကြပ်အတည်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး အဖြေရှာဖို့နဲ့ Astana လုပ်ထုံးလုပ်နည်းရဲ့ တစ်စိတ်တစ်ပိုင်း သဘောတူညီမှုရရှိအောင် လုပ်ဆောင်သွားဖို့ကို ဆွေးနွေးခဲ့ကြတာပါ” ဟု ရုရှားနိုင်ငံသမ္မတနန်းတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုရှား နှင့် တူရကီ နှစ်နိုင်ငံစလုံးသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်မှ အစပြုခဲ့သည့် တိုက်ခိုက်မှုများအတွင်း ဆီးရီးယားတစ်နိုင်ငံလုံအပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန်အတွက် အာမခံပေးထားသော နိုင်ငံများဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံခေါင်းဆောင်တို့သည် နယ်ပယ်ကဏ္ဍစုံတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

မကြာသေးခင်က ပြုလုပ်ခဲ့သော တူရကီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရသည့် တူရကီနိုင်ငံခေါင်းဆောင်အား ရုရှားသမ္မတပူတင်က ချီးကျူးဂုဏ်ပြုစကားဆိုခဲ့သည်။

တူရကီသမ္မတအာဒိုဂန်သည် ပြီးခဲ့သော ဇွန်လတွင်ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဇူလိုင် ၉ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့်အတူ ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.