Connect with us

International Organizations

ဖိအားပေးမှုများ အောက်မှ ထွက်ပေါ်လာသည့် ရလဒ် ဟာ နေတိုး တပ်ဖွဲ့ ၏ အက်ကွဲကြောင်း အား ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါ

နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ က ဘရပ်ဆဲလ် တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး အား တက်ရောက် ကြစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် ကျင်းပ ပြုလုပ်သည့် နေတိုး တပ်ဖွဲ့ ထိပ်သီး အစည်းအဝေး မှာ ဇူလိုင်လ ၁၂ ရက်နေ့ ၌ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အစည်းအဝေး အတွင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အဆက်မပြတ် ဖိအားပေးမှုများကြောင့် နေတိုး အဖွဲ့ဝင် နိုင်ငံ များ က စစ်ရေးတည်ဆောက်မှု နှင့် တာဝန် မျှဝေ ခံယူမှု စသည့် ကိစ္စရပ်များတွင် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။

လေ့လာသုံးသပ်ရေး ပညာရှင်များ က ယခု အကြိမ် နေတိုး ထိပ်သီး အစည်းအဝေး တွင် ဥရောပ နိုင်ငံများ အနေဖြင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ ၌ အမေရိကန် နိုင်ငံ အား မကင်းကွာ သေးနိုင်သဖြင့် အမေရိကန် နိုင်ငံ ၏ ဖိအားပေး တောင်းဆိုမှု များအား မငြင်းဆန် နိုင်သည် ကို တွေ့ရှိခဲ့ရကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ ၏ တစ်ဆင့်ပြီး တစ်ဆင့် တင်းမာစွာ ဖိအားပေး ဆောင်ရွက်သည့် သဘောထား အပြုအမူများ မှာ ဥရောပ နိုင်ငံများ၏ မကျေနပ်မှု ကို ဖြစ်ပေါ်လာ စေခဲ့ပြီး အမေရိကန် နှင့် ဥရောပ နိုင်ငံများ အကြား အက်ကွဲကြောင်း ကိုလည်း ပိုမိုနက်ရှိုင်းလာစေ ခဲ့ကြောင်း သုံးသပ် ခဲ့ကြသည်။

နေတိုး တပ်ဖွဲ့ ထိပ်သီး အစည်းအဝေး မှ ရရှိခဲ့သည့် ရလဒ် များ

နေတိုး တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဇူလိုင်လ ၁၁ ရက် ၌ ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ ၂၉ နိုင်ငံ မှ ခေါင်းဆောင်များ အနေဖြင့် နေတိုး တပ်ဖွဲ့ ၏ အရှိန်အဝါ နှင့် ကာကွယ်မှု စွမ်းရည် မြှင့်တင်ရေး ၊ အကြမ်းဖက် ဝါဒ နှိမ်နင်းရေး နှင့် အဖွဲ့ဝင် နိုင်ငံ များ တာဝန် မျှဝေ ခံယူရေး စသည့် ကိစ္စရပ် များတွင် သဘောတူညီချက် ရရှိခဲ့ကြကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

နေတိုး အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင် များ က နေတိုးတပ်ဖွဲ့ ၏ တိုက်ပွဲ ပြင်ဆင်မှု စွမ်းရည် နှင့် အဆင့်အတန်း ဆိုင်ရာ ကိစ္စရပ် များအား တိုးမြှင့်မှု ဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြသည်။ ယင်း တိုးမြှင့် ဆောင်ရွက်မှု အတွင်း မှ စစ်ရေး ပြင်ဆင်မှု ဆိုင်ရာ ဖော်ဆောင်မှု တစ်ခု မှာ ၂၀၂၀ ခုနှစ် မတိုင်မီ နေတိုး တပ်ဖွဲ့ အနေဖြင့် ရက်ပေါင်း ၃၀ အတွင်း စက်ယန္တရား တပ်ရင်း ၃၀ ၊ လေကြောင်း တပ်ဖွဲ့ ၃၀ နှင့် စစ်သင်္ဘော ၃၀ စင်း တို့ကို ပြင်ဆင်နိုင်သည့် စွမ်းရည် ရရှိရန် အတည်ပြု ခဲ့ကြသည်။ ထို့ပြင် အမေရိကန် နိုင်ငံ နှင့် ဂျာမနီ နိုင်ငံ တို့တွင် စစ်ဌာနချုပ် များ ထားရှိရန် ဆုံးဖြတ်ချက် ချမှတ် ခဲ့ကြသည်။

အကြမ်းဖက် နှိမ်နင်းရေး ဆိုင်ရာ ကိစ္စရပ် တွင်လည်း နေတိုး တပ်ဖွဲ့ အနေဖြင့် အာဖဂန်နစ္စတန် ၊ အီရတ် ၊ ဂျော်ဒန် နှင့် တူနီးရှား စသည့် နိုင်ငံ များတွင် စစ်ဘက် ဆိုင်ရာ သင်ကြားပို့ချမှု စွမ်းရည် ကို မြှင့်တင် သွားမည် ဖြစ်ပြီး ဒေသတွင်း အားအင် များကို ပြုစု ပျိုးထောင်ပေး သွားမည် ဖြစ်ကြောင်း ၊ ထို မှ တစ်ဆင့် ၎င်းတို့ မှ အကြမ်းဖက် ဝါဒ များကို နှိမ်နင်းနိုင်စွမ်း နှင့် နိုင်ငံ တည်ငြိမ်အေးချမ်းမှု ဆောင်ရွက် နိုင်စွမ်း တည်ရှိအောင် သင်တန်း ပို့ချမှုများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

နေတိုး တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် က နေတိုး အဖွဲ့ဝင် နိုင်ငံများ မှာ တာဝန် မျှဝေ ခံစားရေး နှင့် ပတ်သက်၍ တန်းတူညီမျှ စွာ တာဝန် ခံယူကြခြင်း မရှိကြကြောင်း ၊ အဖွဲ့ဝင် နိုင်ငံ များ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ် ၊ စစ်ဘက်ဆိုင်ရာ စွမ်းရည် တည်ဆောက်ရေး နှင့် နေတိုးတပ်ဖွဲ့ လှုပ်ရှားမှု တွင် ပေးဆပ်ဆောင်ရွက်ခြင်း စသည့် ကဏ္ဍ ၃ ခု တွင် ကြိုးပမ်းဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြကြောင်း ၊ ယခု နှစ်တွင် နေတိုးတပ်ဖွဲ့ အတွင်း အဖွဲ့ဝင် ၈ နိုင်ငံ က သတ်မှတ်ထားသည့် နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း အထိ ရောက်ရှိအောင် စစ်အသုံးစရိတ်များ ကို အသုံးပြုသွားကြမည် ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံ အများစု အနေဖြင့် ၂၀၂၄ ခုနှစ် တွင် သတ်မှတ်ချက် ရောက်ရှိအောင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိအားပေးမှုများ အောက် မှ ဆောင်ရွက်ခဲ့ရသည့် လိုက်လျောမှု

နေတိုး တပ်ဖွဲ့ အနေဖြင့် ဇူလိုင်လ ၁၁ ရက် ၌ “အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် လုံခြုံရေး နှင့် စည်းလုံးညီညွှတ်ရေး ဆိုင်ရာ ဘရပ်ဆဲလ် ကြေညာစာတမ်း” ကို ထုတ်ပြန်ကြေညာ ခဲ့ပြီး အမေရိကန်-ဥရောပ အတ္တလန္တိတ် ဖြတ်ကျော် မဟာမိတ် ဆက်ဆံရေး မှာ လွန်စွာ ခိုင်မာကြောင်း ကို အထူးပြောကြား ခဲ့သည်။ ယင်း ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ယခု အကြိမ် နေတိုး ထိပ်သီး အစည်းအဝေး အား G 7 အစည်းအဝေး ကဲ့သို့ စည်းလုံးမှု ပျက်ပြားနေသည့် ပုံစံမျိုး မထွက်ပေါ် စေခဲ့ခြင်းဖြစ်သည်။ သို့သော် အစည်းအဝေး ကျင်းပပြုလုပ် ချိန် တစ်လျှောက် ဆောင်ရွက်မှု များကို ကြည့်ရှုခြင်း အားဖြင့် နေတိုး မဟာမိတ် အဖွဲ့ဝင် များက ကြေညာစာတမ်း တွင် ရေးသား ဖော်ပြထား သကဲ့သို့ စည်းလုံးညီညွှတ်ခြင်း မရှိကြောင်း ကို တွေ့ရှိ နိုင်မည် ဖြစ်သည်။

ထိပ်သီး အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ် အတွင်း ဒေါ်နယ်ထရမ့် က နေတိုး တပ်ဖွဲ့ မဟာမိတ် များကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ဂျာမနီ နှင့် အခြား ဥရောပ နိုင်ငံ များ၏ ကာကွယ်ရေး အသုံးစရိတ် မှာ လွန်စွာနည်းပါးကြောင်း ဝေဖန်ပြစ်တင် ခဲ့သည်။ ဂျာမနီ နိုင်ငံ ၏ ရုရှား နိုင်ငံ “Nord Stream – 2 ” သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အပေါ် ထောက်ခံအားပေးမှု ၊ ဥရောပ-အမေရိကန် ကုန်သွယ်ရေး မညီမျှမှု နှင့် အမေရိကန် ကုန်ပစ္စည်း အများအပေါ် အဟန့်အတား များ ဆောင်ရွက်မှု တို့ကို ပြင်းထန်စွာ ဝေဖန် တိုက်ခိုက်မှု များကို ဒေါ်နယ်ထရမ့် က ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိ ရမည် ဖြစ်သည်။

သတင်းဖော်ပြချက်များအရ ဒေါ်နယ်ထရမ့် ၏ စစ်အသုံးစရိတ် နှင့် ပတ်သက်၍ တောင်းဆို ခဲ့သည့် ပမာဏ မှာ လွန်စွာ ကြီးမား သဖြင့် ဥရောပ နိုင်ငံ ခေါင်းဆောင်များ အား တုန်လှုပ်စေခဲ့ပြီး ဒေါ်နယ်ထရမ့် မှ နေတိုး ထိပ်သီး အစည်းအဝေး ပြီးဆုံးချိန် အနီးတွင် အစည်းအဝေး ရလဒ် နှင့် ပတ်သက်၍ ကျေနပ်မှု မရှိကြောင်း ပြောကြားခဲ့သဖြင့် နေတိုး တပ်ဖွဲ့ ခေါင်းဆောင် များမှ အရေးပေါ် အစည်းအဝေး ထပ်မံ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း ထိပ်သီးအစည်းဝေး ပြီးဆုံးချိန် ၌ ကျင်းပ ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ များ က ၎င်း၏ ဖိအားပေးမှုကြောင့် မြင့်မား သည့် စစ်အသုံးစရိတ် နှင့် ပတ်သက်၍ လိုက်လျော ခဲ့ကြရကြောင်း အရိပ်အမြွတ် ပြောကြား ခဲ့သည် ကို တွေ့ရှိကြရမည် ဖြစ်သည်။

Carnegie အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း ၏ ဥရောပ စင်တာ အဆင့်မြင့် သုတေတီ Judy Dempsey က ယခု အကြိမ် နေတိုး အစည်းအဝေး တွင် နေတိုး တပ်ဖွဲ့ ပြိုကွဲခြင်း ကို ရှောင်ရှား နိုင်ခဲ့သည့် အဓိက အကြောင်းရင်း မှာ ဥရောပ နိုင်ငံ များက မိမိ ကိုယ်ကို ကာကွယ်နိုင်မှု စွမ်းရည် မပိုင်ဆိုင်သေးခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ RAND Corporation အဆင့်မြင့် နိုင်ငံရေး ပညာရှင် Stephen J. Flanagan က အခွန်ကိစ္စရပ်များ နှင့် ပတ်သက်၍ နိုင်ငံ အများ က အမေရိကန် နိုင်ငံ နှင့် သဘောထား ကွဲလွဲမှုများ တည်ရှိနေကြသော်လည်း ၎င်းတို့ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် ၎င်းတို့အကြား ကာလတစ်လျှောက် စီးပွားရေး ပြိုင်ဆိုင်မှု သည် နေတိုး တပ်ဖွဲ့ နိုင်ငံ ၂၉ နိုင်ငံ ၏ အဖွဲ့လိုက် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ် နှင့် သက်ဆိုင်မှု ရှိသည် ဟု ယူဆမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

မဟာမိတ် များ အကြား သဘောထား ကွဲလွှဲမှုများ ပိုမို သိသာ ထင်ရှားလာ

လေ့လာသုံးသပ်ရေး ပညာရှင်များ က နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ များအနေဖြင့် အမေရိကန် နိုင်ငံ ၏ ဖိအားပေးမှုကြောင့် လိုက်လျှောမှု ကို ရွေးချယ်ခဲ့ရသော်လည်း အမေရိကန် နိုင်ငံ ၏ မဟာမိတ် နိုင်ငံ များ အကျိုးစီးပွား အား လစ်လျှူရှု သည့် ဆောင်ရွက်မှု မျိုးသည် အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် ဆက်ဆံရေး အား ထိခိုက်စေခဲ့ပြီး ဖြစ်ကြောင်း သုံးသပ် ခဲ့ကြသည်။

အမေရိကန် နိုင်ငံ Gallup ကုမ္ပဏီ မှ လတ်တလောကာလ တွင် ထုတ်ပြန် ခဲ့သည့် စစ်တမ်း ကောက်ယူမှု တွင် ၂၀၁၇ ခုနှစ် အတွင်း နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ များ မှ အမေရိကန် နိုင်ငံ ၏ ဦးဆောင်မှု စွမ်းရည် အပေါ် ယုံကြည်မှု မှာ သိသာထင်ရှားစွာ ကျဆင်း လာခဲ့ပြီး ဒေါ်နယ်ထရမ့် ၏ အမေရိကန်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အခြေခံ အုတ်မြစ် အား ယိမ်းယိုင် အောင် အဆက်မပြတ် ဆောင်ရွက်ခြင်း သည် အမေရိကန် နိုင်ငံ အပေါ် ထောက်ခံမှု အား လျင်မြန်စွာ ကျဆင်းသွားစေခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ သဘောထား အပြုအမှု များနှင့် ပတ်သက်၍ ဥရောပ ပညာရှင် အများအပြား က ဝေဖန်မှုများ ဆောင်ရွက်ခဲ့ကြပြီး ၎င်း၏ နေတိုး တပ်ဖွဲ့ အပေါ် ထားရှိသော သဘောထား အမြင် သည် နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ကိစ္စရပ် များအပေါ် ထားရှိသည့် အမြင် နှင့် တူညီနေပြီး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်လိုပြီး အပေးအယူ ပြုလုပ်သည့် ပုံစံမျိုး ဖြင့် ပြည့်နှက် နေကြောင်း ဝေဖန် ခဲ့ကြသည်။

ဥရောပ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ သုတေသန ညွှန်ကြားရေးမှူး Jeremy Shapiro က ဒေါ်နယ်ထရမ့် အနေဖြင့် နေတိုး တပ်ဖွဲ့ ၏ စစ်အသုံးစရိတ် မျှဝေခြင်း ဆိုင်ရာ ပြဿနာ ကို ဖြေရှင်းလိုစိတ် လုံးဝ မရှိဘဲ ဥရောပ နိုင်ငံ များ ၏ စစ်အသုံးစရိတ် သတ်မှတ်ချက် မရောက်ရှိမှုကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ရှိစိတ် နှင့် အမေရိကန် နိုင်ငံ မှ စစ်ရေး ကာကွယ်မှု ဆက်လက် မဆောင်ရွက်ပေး တော့မည့် စိုးရိမ်စိတ် တို့မှ တစ်ဆင့် ကုန်သွယ်ရေး မညီမျှမှုတွင် အလျှော့ပေးစေလိုခြင်း ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် ဥရောပ နိုင်ငံ များအား ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည် ကို မြှင့်တင်သွားစေလိုပြီး ယင်းမှသာ ဒေါ်နယ်ထရမ့် သို့မဟုတ် အနာဂတ် အမေရိကန် နိုင်ငံ သမ္မတ များ နှင့် တန်းတူညီမျှသည့် ဆွေးနွေးမှု ကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သို့သော် အမေရိကန် မဟာဗျူဟာ နှင့် နိုင်ငံတကာ ရေးရာ သုသေတန စင်တာ ပညာရှင် Anthony H. Cordesman က အနာဂတ် တွင် အီးယူ နှင့် နေတိုး တပ်ဖွဲ့ အကြား ဆက်ဆံရေး မှာ ကာကွယ်ရေး ဆိုင်ရာ တည်ဆောက်မှု ပိုင်းတွင် တိုးတက်မှု အနည်းငယ် ရရှိနိုင်သော်လည်း အီးယူ အနေဖြင့် လွှတ်လပ်သော မဟာဗျူဟာ ကို ပိုင်ဆိုင်နိုင်မည် မဟုတ်ဘဲ ဥရောပ တိုက် အနေဖြင့် လုံခြုံရေး အာမခံမှု ရရှိရန် အတွက် အမေရိကန် နိုင်ငံ နှင့် နေတိုး တပ်ဖွဲ့ အပေါ်တွင် မှီခိုနေရ အုံးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)