Connect with us

Eastern Europe

ပြင်သစ်တိုက်စစ်မှူး ဂရေးဇမန်းက “ကျွန်တော်တို့ကလေးတွေ ဂုဏ်ယူနေကြမှာပါ” ဟုပြောကြား

ခရိုအေးရှားနောက်တန်းကို ကျော်ဖြတ်ရန်ကြိုးပမ်းနေသော ပြင်သစ်အသင်းတိုက်စစ်မှူး ဂရေးဇမန်း အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ဇူလိုင် ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီး ပြင်သစ်နိုင်ငံအသင်းအနေဖြင့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဆွတ်ခူးရရှိခဲ့ပြီးနောက် အသင်းဖော်ကစားသမားများအား“ ကြီးမားတဲ့အောင်မြင်မှုပါပဲ”ဟူ၍ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရေးဇမန်းက ချီးကျူးစကား ဆိုလိုက်သည်။

ဂရေးဇမန်းသည် ဗိုလ်လုပွဲစဉ်တွင် ပင်နယ်တီဖြင့် ကိုယ်တိုင်တစ်ဂိုးသွင်းယူပေးခဲ့သလို အသင်းဖော် ပေါ့ဘာ ဂိုးသွင်းနိုင်ရန်လည်း ဖန်တီးပေးခဲ့သူဖြစ်သည်။ယင်းပွဲစဉ်တွင် ပြင်သစ်က ခရိုအေးရှားအား ၄ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ပြင် ဂရေးဇမန်းသည် ပွဲကစားချိန် ၁၈ မိနစ်တွင် ရရှိလာသော အလွတ်တည်ကန်ဘောမှတဆင့် ခရိုအေးရှားကစားသမား Mandzukic ၏ ဦးခေါင်းဖြင့် ထိမိကာ အနိုင်ဂိုးတစ်ဂိုးရရှိအောင် ဖန်တီးပေးခဲ့သူလည်းဖြစ်သည်။

ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသော တိုက်စစ်မှူးဂရေးဇမန်းအားတွေ့ရစဉ်(ဆင်ဟွာ)

“ ကျွန်တော့်အတွက်တော့ အသင်းစုစည်းမှုက အရေးအကြီးဆုံးပါပဲ။အကယ်၍ ခင်ဗျားမှာ တောင့်တင်းပြီး စည်းလုံးမှုရှိတဲ့ အသင်းတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် ခင်ဗျားသေချာပေါက်လုပ်နိုင်မှာပါ” ဟု တိုက်စစ်မှူးဂရေးဇမန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ ကျွန်တော့်မှာ သိပ်ကို ထူးချွန်ထက်မြက်တဲ့ အသင်းဖော်တွေရှိပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ဟာ သမိုင်းတွင်မယ့် အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါပြီ။ အခုချက်ချင်းသက်ရောက်မှုမရှိနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုဟာ နောင်တစ်ချိန်မှာ ကျွန်တော်တို့ကလေးတွေအတွက် ဂုဏ်ယူစရာဖြစ်နေမှာပါ” ဟု ၎င်းက ဆိုသည်။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂရေးဇမန်းသည် အသင်းအတွက် ၄ဂိုးသွင်းယူပေးခဲ့ပြီး ယခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(Ballon d’Or) ရရှိရန် ရေပန်းစားနေသည်။

ယခုအခါ အသက် ၂၇ နှစ်အရွယ်ရှိ ဂရေးဇမန်းသည် အသင်းဖော်များ ၊ မိသားစုဝင်များ နှင့်အတူ ကမ္ဘာ့ဖလားဗိုလ်စွဲခြင်းအတွက် အောင်ပွဲခံနေပြီဖြစ်သည်။

“ သြဂုတ်လမှာ ဥရောပစူပါဖလား ကစားဖို့ရှိနေပါတယ်။ အဲဒီမှာလည်း အောင်မြင်မှုရဖို့မျှော်လင့်ပါတယ် ” ဟု ဂရေးဇမန်းက ပြောကြားခဲ့ပြီး “ ဒါပေမယ့်အခုချိန်မှာတော့ အောင်ပွဲခံဖို့ပဲ စိတ်ရောက်နေပါတယ်။ ဥရောပစူပါဖလားကိုတော့ နောက်မှပဲ အာရုံစိုက်မှာပါ” ဟု ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.