ရီယတ်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အသင်းအဖွဲ့တစ်ခုက နိုင်ငံအတွင်း၌ မယားပြိုင်လူ့အဖွဲ့အစည်းထွန်းကားလာအောင် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ကြောင်း သြဂုတ်လ ၂၁ ရက်ထုတ် Al Hayat ပြည်တွင်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။
နယူးယောက် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ပြီးခဲ့သော ရက်သတ္တပတ်အဆုံးတွင် အသစ်ပြဌာန်းလိုက်သည့် ဥပဒေသစ်အရ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အငှားယာဉ်မောင်းများသည် အင်္ဂလိပ်စကားကျွမ်းကျင်စွာတတ်မြောက်ရန် မလိုတော့ဘဲ မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းနှင့်ချိတ်ဆက်ထားသည့် Uber အွန်လိုင်းပို့ဆောင်ရေး ဝန်ဆောင်မှု နှင့် Lyft ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများတွင် မိုလ်ဘိုင်းဖုန်းများမှ တဆင့်ဝင်ရောက်ဖြေဆိုပြီး...
အန်ကာရာ ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတောင်ပိုင်း Gaziantep မြို့၌ သြဂုတ်လ ၂ဝ ရက်ညပိုင်းက ဖြစ်ပွားခဲ့သော မင်္ဂလာဆောင်တစ်ခုအတွင်း အသေခံဗုံးခွဲခဲ့သူမှာ အသက် ၁၂ နှစ် မှ ၁၄ နှစ် အရွယ်ရှိ ဆယ်ကျော်သက် တစ်ဦးဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတ Recep...
ဘဂ္ဂဒက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ တရားရေးရာဝန်ကြီးဋ္ဌာန က IS အစွန်းရောက် အကြမ်းဖက်တပ်ဖွဲ့သည် အီရတ်နိုင်ငံ Tirkrit မြို့အား ၂၀၁၄ခုနှစ် ဇွန်လတွင် သိမ်းပိုက်ခဲ့စဉ်က စစ်သားပေါင်း ၁၇၀၀ခန့်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် စွဲချက်တင်ထားသော အကျဉ်းသား ၃၆ဦးအား ကွပ်မျက်ခဲ့ကြောင်း သြဂုတ်...
ဂျကာတာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ခရီးသည် ၁၇ ဦးလိုက်ပါလာသည့် စက်လှေတစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ သြဂုတ်လ ၂၁ ရက် (ယနေ့)တွင် တိမ်းမှောက်ခဲ့ရာ လူ ၁ဝ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ၅ ဦးပျောက်ဆုံးနေကြောင်း ရေတပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ၎င်းဝတ်ဆင်ခဲ့သော ဝတ်စုံကို အမေရိကန်ဒေါ်လာ ၇ဝဝ,ဝဝဝ ဖြင့် လေလံတင်ရောင်းချခဲ့ရာ ၎င်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးဝတ်စုံအဖြစ် ဂင်းနစ်စံချိန်စာအုပ်၌ မှတ်တမ်းတင်ခြင်းခံရကြောင်း ANI သတင်းဌာနက သြဂုတ်လ ၂ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မနီလာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက နိုင်ငံတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ငန်းစဉ်တွင် အကူအညီပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း သြဂုတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အက်ဒစ်အဘာဘာ ၊ သြဂုတ် ၂၁ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စက်တင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ၌ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစူးစိုက်သွားကြရန်နှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကိုလည်း ဝိုင်းဝန်းစိုးရိမ်ပူပန်ပေးကြရန် အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရိဖမ် ( La Yifan ) ကသြဂုတ်လ ၁၉ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
အန်ကာရာ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံနှင့် ၆ နှစ်ကြာ ဆက်ဆံရေးခပ်တန့်တန့်ဖြစ်နေခြင်းကို အဆုံးသတ်၍ သံတမန်ဆက်ဆံရေး ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်ရန် တူရကီလွှတ်တော်က သြဂုတ်လ ၂ဝ ရက်က အတည်ပြုခဲ့ကြောင်း Daily Sabah သတင်းတွင်ဖော်ပြထားသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) ဘရာဇီးအသင်းသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဂျာမနီအသင်းအား ဂိုးပြတ်ရှုံးနိုမ့်ထားခဲ့သည့် အရိပ်မည်းကို သြဂုတ်လ ၂ဝ ရက်က ကျင်းပခဲ့သည့် ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူ၍ ပြန်လည် ချေဖျက်နိုင်ခဲ့ပြီဖြစ်သည်။