Connect with us

North America

မက္ကဆီကိုနိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်မြို့၌ မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံ၌ မူးယစ်ဆေးမှောင်ခိုသမားများအား လိုက်လံနှိမ်နင်းနေသည့် ရဲတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ စစ်တပ်သည် နိုင်ငံအရှေ့မြောက်ပိုင်း Tamaulipas ပြည်နယ်၌ ဇွန် ၃ဝ ရက်တွင် မူးယစ်ဆေးဝါး နှင့် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တစ်ဦးအဖြစ် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

မက္ကဆီကို နှင့် အမေရိကန် နှစ်နိုင်ငံစလုံးက အလိုရှိဆုံးရာဇဝတ်သား ထိပ်ဆုံး ၁ဝ ဦးစာရင်းဝင် Luis Miguel Gonzalez အား မက္ကဆီကိုနိုင်ငံ Tamaulipas ပြည်နယ် နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ကြားရှိ နှစ်နိုင်ငံ နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ရာဇာကို မက္ကဆီကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် မူးယစ်ဆေးဝါး တင်သွင်မှုဖြင့် အလိုရှိဆုံး သံသယ တရားခံတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ Gonzalez အား နယ်စပ်မြို့ဖြစ်သော Reynosa မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းဒေသသည် လွန်ခဲ့သော နှစ်များအတွင်း မူးယစ်ဆေးဝါးမှောင်ခိုင်မှု ပဋိပက္ခများကြောင့် သွေးထွက်သံယိုမှုအများဆုံး ဖြစ်ပွားခဲ့ရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

Gonzalez သည် Reynosa အနီးပတ်ဝန်းကျင်တွင် မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားနေပြီး Hidalgo မြို့နှင့် တက္ကဆက်မြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများစွာတွင် အဓိက ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.