Connect with us

North America

ကနေဒါနိုင်ငံတွင် ခေါင်းချင်းဆိုင် ယာဉ်တိုက်မှု ကြောင့် လူ ၆ဦးသေဆုံး

ကနေဒါနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အော့တာဝါ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း Saskatchewan ပြည်နယ် တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် ကလေးငယ် ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း CTV သတင်းက ဇွန် ၃၀ ရက်တွင်ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်သည် ဇွန် ၂၉ရက် မွန်းလွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခေါင်းချင်းဆိုင်တိုက်မိသည့် SUV အမျိုးအစား ယာဉ် ၂စီး အနက် တစ်စီးပေါ်၌ ကလေးငယ် ၃ဦး နှင့် အတူ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ကျန် SUV အမျိုးအစားယာဉ်အား မောင်းနှင်သူ အမျိုးသမီးလည်းသေဆုံးခဲ့ပြီး ၎င်းသည် တစ်ဦးတည်းမောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.