Connect with us

Asia

ဂျပန်နိုင်ငံတွင် လေထီးစီးရင်း မတော်တဆမှုကြောင့် လူ ၂ဦးသေဆုံး

ဂျပန်နိုင်ငံတွင် လေထီးစီးနေသူတစ်ချို့အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအရှေ့ဘက် Gunma စီရင်စု တွင် ဇွန် ၃၀ ရက်က လေထီးစီးရင်း မတော်တဆမှုဖြစ်ပွားခဲ့၍ လူ ၂ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်း ကဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ ယင်းမတော်တဆမှုသည် ပြည်တွင်း လေထီးခုန်သင်တန်းကျောင်းတစ်ခု ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုကျိုမြို့မှ အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၎င်း၏ ပြည်တွင်းသင်တန်းမှူးတစ်ဦးတို့ သည် မြေပြင်အထက် အမြင့်မီတာ ၃၀ တွင် လေထီးပျက်ကျခဲ့ကြောင်းသိရသည်။

သင်တန်းမှူးသည် လေထီးစီးခြင်းနှင့် ပတ်သက်၍ အနှစ် ၂၀ခန့် အတွေ့အကြုံရှိပြီး မတော်တဆမှုဖြစ်ပွားချိန်တွင် လေထီးအား ပဲ့ကိုင်ခဲ့ကြောင်းသိရသည်။

လေထီးပျက်ကျခဲ့ပြီးနောက် ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.