Connect with us

Asia

မလေးရှားနိုင်ငံ အာဏာရပါတီဟောင်း UMNO က ဥက္ကဋ္ဌသစ်ရွေးချယ်

ဂျပန်နိုင်ငံတွင် လေထီးစီးနေသူတစ်ချို့အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မေလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အရေးနိုမ့်ခဲ့ပြီးနောက် မလေးရှားနိုင်ငံ ယခင်အာဏာရပါတီ ညီညွတ်သောမလေးအမျိုးသားအဖွဲ့ချုပ်(UMNO)သည် ဇွန် ၃ဝ ရက်တွင် ဥက္ကဋ္ဌသစ် ကိုရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ ပါတီရုံးခွဲပေါင်း ၁၉၁ ရုံးမှ UMNO ပါတီဝင် ၁၆၅,ဝဝဝ က ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။ ယခင်ဒုတိယဝန်ကြီးချုပ်ဟောင်း အာမက်ဇာဟစ်(Ahmad Zahid) ကို ပါတီ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ကြောင်း UMNO က တွစ်တာလူမှုကွန်ရက်ကတဆင့် ကြေညာခဲ့သည်။ ဇာဟစ်သည် ရုံးခွဲပေါင်း ထက်ဝက်ကျော်မှ ထောက်ခံမဲရရှိခဲ့ကြောင်း သိရသည်။

UMNO သည် ပါတီပေါင်းစုံ စုစည်းထားသည့် ညွန့်ပေါင်း ပါတီကြီးတစ်ခုဖြစ်ပြီး မလေးရှားနိုင်ငံ၌ ဆယ်စုနှစ် ခြောက်ခု မျှ အာဏာရခဲ့ပြီးနောက် ပြီးခဲ့သော မေလ ရွေးကောက်ပွဲတွင် အရေးနိုမ့်ခဲ့ခြင်းဖြစ်သည်။ ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် ရွေးကောက်ပွဲ ရှုံးနိုမ့်ပြီးနောက် UMNO ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်သွားခဲ့သည်။

အသက် ၆၅ နှစ်အရွယ် အာမက်ဇာဟစ်သည် ဇွန်လ ၃ဝ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီဥက္ကဋ္ဌရွေးကောက်ပွဲတွင် UNMO လူငယ်အဖွဲ့အကြီးအကဲ Khairy Jamaluddin နှင့် ဝါရင့်ပါတီဝင်တစ်ဦးဖြစ်သူ Tengku Razaleigh Bin Tengku Hamazah တို့အားဖြတ်ကျော် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သူ မိုဟာမက်ဟာဆန် (Mohamad Hasan) သည် ပါတီဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ပါတီအတွင်း နံပတ် ၂ နေရာ ဖြစ်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.