ဖနွမ်းပင် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်က ကိုးရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် မြောက်ကိုးရီးယားနိုင်ငံအနေဖြင့် ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်တက်ရန် သြဂုတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
ဆစ်ဒနီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ်တစ်ဦးသည် ပြင်သစ်နိုင်ငံသား နှစ်ဦးမောင်းနှင်လာ သည့် ကား နှင့် တိုက်မိ၍ သေဆုံးခဲ့ပြီး ၎င်း ကားသည် လမ်းပြောင်းပြန်မောင်းနှင်လာခြင်း ဖြစ်ကြောင်း သိရသည်။
လစ္စဘွန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ပေါ်တူဂီဘောလုံး စတား တစ်ဦးဖြစ်သည့် ခရစ္စတီယာနို ရော်နယ်ဒိုက ရှယ်ယာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော ဒုတိယမြောက် Pestana CR7 ဟော်တယ် အား ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ သြဂုတ် ၁၆ ရက်တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
မော်စကို၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဂူဂဲလ် (Google) လုပ်ငန်းစုက စီးပွားယှဉ်ပြိုင်မှု ဥပဒေ ချိုးဖောက်မှုကြောင့် ရူဘယ် ၄၃၈ သန်း (အမေရိကန် ဒေါ်လာ ၆.၇ သန်း) ဒဏ်ရိုက်ခံရကြောင်း ရုရှားနိုင်ငံ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး စောင့်ကြည့် အဖွဲ့က သြဂုတ်လ ၁၁...
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုကျူးလွန်ရန် သံသယရှိသူ နှစ်ဦးအား သြဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။
ဆူဝ ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားကျွန်းနိုင်ငံ၌ သြဂုတ်လ ၁၂ ရက်က ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုပထဝီဝင်ဌာနလေ့လာတိုင်းတာရေး(USGS) ဌာနက ဆိုသည်။
ဘန်ကောက် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဟွာဟင်း နှင့် ဆူရက်ဌာနီ တို့၌ သြဂုတ်လ ၁၁ ရက် ညပိုင်း နှင့် ၁၂ ရက်နံနက်ပိုင်းများ တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အမြောက်အမြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ နာမည်ကြီးဆေးရုံ တစ်ရုံ၏ အကြီးအကဲတစ်ဦးနှင့် အခြား ဆရာဝန် ၄ ယောက် အား ရဲတပ်ဖွဲ့က သြဂုတ် ၁၀ ရက်တွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု ဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်က အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ရလဒ်များ ထွက်ရှိလာပြီးနောက် အစိုးရ အနေဖြင့် လမ်းပြမြေပုံအတိုင်း အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်တွင် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ်...