Connect with us

Asia

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့က ကွဲကွာနေသည့် မိသားစု များ ပြန်လည် တွေ့ဆုံပွဲ ကို သြဂုတ်လ တွင် ကျင်းပ ပြုလုပ်ရန် သဘောတူ

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ တို့က ဇွန်လ ၂၂ ရက် ၌ တွေ့ဆုံ ဆွေးနွေးမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ တို့က ဇွန်လ ၂၂ ရက် တွင် မြောက်ကိုရီးယား နိုင်ငံ Kumgangတောင် အပန်းဖြေစခန်း ဟိုတယ် ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ ကွဲကွာနေသည့် မိသားစုများ ပြန်လည် တွေ့ဆုံပွဲ ကို သြဂုတ်လ ၂၀ ရက် မှ ၂၆ ရက် အထိ Kumgangတောင် အပန်းဖြေစခန်း တွင် ကျင်းပ ပြုလုပ်သွားရန် သဘောတူညီမှု ရရှိခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ မှ ကြေညာခဲ့သည့် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် တွင် နှစ်နိုင်ငံ တို့မှ တစ်နိုင်ငံ လျှင် ကွဲကွာနေသည့် မိသားစု ဝင် ၁၀၀ ဦး တို့အား တွေ့ဆုံပွဲ တွင် ပါဝင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ၊ ဇူလိုင်လ ၃ ရက်နေ့ မှ ၂၅ အတွင်း ကွဲကွာနေသည့် မိသားစု များနှင့် သက်ဆိုင်သည့် အချက်အလက် များကို ဖလှယ်သွားမည် ဖြစ်ကြောင်း ၊ သြဂုတ်လ ၄ ရက်နေ့ တွင် ကွဲကွာနေသည့် မိသားစု များအား နောက်ဆုံး အတည်ပြုချက် ဖလှယ်သွားပြီး တွေ့ဆုံပွဲ တက်ရောက်မည့် အမည်စာရင်း ကို ဖလှယ်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ယခု ဆောင်ရွက်မည့် တွေ့ဆုံမှု သည် နှစ်နိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ၂ နှစ်အကြာ တွင် ထပ်မံ ကျင်းပ ပြုလုပ်သည့် ကွဲကွာနေသည့် မိသားစု များ ပြန်လည် တွေ့ဆုံပွဲ တစ်ခု ဖြစ်သည်။ နှစ်နိုင်ငံ အနေဖြင့် ၂၀၀၀ ခုနှစ် သြဂုတ်လ မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အထိ အလားတူ တွေ့ဆုံပွဲ ပေါင်း အကြိမ် ၂၀ ကျင်းပပြုလုပ်ပေးခဲ့ကာ မိသားစုများအား ပြန်လည် တွေ့ဆုံစေခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.