Connect with us

Asia

အာဖဂန်တွင် ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦးအပါအဝင် လူ ၁၀ဦးသေဆုံး

ယခင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် တာလီဘန်စစ်သွေးကြွတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Dasht-e-Archi ခရိုင် တွင် ဇွန် ၂၃ ရက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး နှင့် အကြမ်းဖက်သမား ၆ဦး သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Nasrudin Nazari Saadi ကပြောကြားခဲ့သည်။

Dasht-e-Archi ခရိုင်ရှိ Salahudin ဧရိယာရှိ စစ်ဆေးရေးဂိတ်များကို ဇွန် ၂၃ ရက် နံနက်အစောပိုင်းတွင် တာလီဘန်စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းတိုက်ပွဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့၍ တိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၆ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် စစ်သွေးကြွ ၆ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွများဘက် မှ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.