Connect with us

Europe

အိုပက်အဖွဲ့ဝင်နှင့် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှု ပူးတွဲတိုးမြှင့်သွားမည်


ဗီယင်နာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

အိုပက် (OPEC) အဖွဲ့ဝင်နှင့် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှုကို ပူးတွဲ တိုးမြှင့်ကြမည် ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်က ကတိပြုခဲ့ကြသည်။

ရုရှားအပါအဝင် အိုပက် အဖွဲ့ဝင်နှင့် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများအကြား ပြုလုပ်သည့်အစည်းအဝေး၌ ၂၀၁၆ ခုနှစ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် တစ်နေ့လျှင် စုစုပေါင်း ရေနံစည် ၁.၈ သန်းအထိရောက်ရှိမှသာ ရေနံထုတ်လုပ်မှုကို ဖြတ်တောက်ရန် သဘောတူညီချက်အား ၁၀၀ ရာခိုင်နှုန်း လိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အိုပက် (OPEC) အဖွဲ့ဝင်နှင့် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများက ဇွန်လ ၂၃ ရက်တွင် အစည်းအဝေးပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရေနံထုတ်လုပ်သူများသည် ပြီးခဲ့သည့်လများအတွင်း လိုအပ်ချက်ထက်ကျော်လွန်၍ ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ကြသည်။

အစည်းအဝေးကြေညာချက်အရ ရေနံထုတ်လုပ်သူများအနေဖြင့် “လိုက်လျောညီထွေအဆင့်အားလုံးကို လိုက်နာကြရန်နှင့် မိမိ၏ သဘောဆန္ဒအလျောက် ၁၀၀ ရာခိုင်နှုန်း ချိန်ညှိကြရန်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေနံတင်ပို့သူ နိုင်ငံများအဖွဲ့အစည်း (OPEC) က ရေနံထုတ်လုပ်မှုကို မည်သို့ခွဲဝေကာ တိုးမြှင့်ထုတ်လုပ်မည်ကို အသေးစိတ်ပြောကြားထားခြင်း မရှိသလို ရေနံထုတ်လုပ်မှု တိုးမြှင့်မည့် ပမာဏအား တိုက်ရိုက်ပြောထားခြင်း မရှိပေ။

အဆိုပါ သဘောတူညီချက်အား ဇူလိုင်လတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ရေနံထုတ်လုပ်ရေးမူဝါဒအား ပြောင်းလွယ်ပြင်လွယ်လုပ်ဆောင်ရန်အတွက် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ စည်းဝေးကြခြင်း ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီး Khalid al-Falih က ပြောကြားခဲ့သည်။

အိုပက်အနေဖြင့် ဈေးကွက်အား ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ရေနံထုတ်လုပ်မှုအား ချိန်ညှိသွားမည်ဟု ဆိုသည်။ (Xinhua)