ဝါရှင်တန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကာရံခြင်း မပြီးဆုံးမီ ၎င်းနေရာ၌ စစ်တပ်ချထားလို ကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်က လက်တွေ့အခြေအမြစ်လုံးဝမရှိဘဲ တရုတ်ကို ဦးတည်ဆောင်ရွက်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အပြင်းအထန် အပြစ်တင်ရှုံ့ချကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
အန်ကာရာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တူရကီနိုင်ငံသို့ S-400 ဒုံးပျံကာကွယ်ရေးစနစ် များလွှဲပြောင်းပေးရန် ရုရှား နှင့် တူရကီ နိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
တူရင်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ တူရင်းမြို့၌ ဧပြီလ ၃ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော UEFA ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ခု၏ အိမ်ရှင် ဂျူဗင်တပ်အသင်း နှင့် ရီယဲလ်မက်ဒရစ်အသင်းတို့၏ ပထမအကြော့ပွဲစဉ်တွင် ရီယဲလ်မက်ဒရစ်အသင်းက ၃ ဂိုး – ဂိုး မရှိဖြစ်...
ကယ်လီဖိုးနီးယား ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Youtube ရုံးချုပ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦးဒဏ်ရာရပြီး ၊ ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူအမျိုးသမီးမှာ သေဆုံးသွားကြောင်း ဆန်ဗျူနိုရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)
နယူးဒေလီ ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ဧပြီ ၃ ရက်က အိန္ဒိယနိုင်ငံ နေရာအနှံအပြားတွင် ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုလက်ရှိ သေဆုံးသူ ၉ ဦး ရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူလှုပ်ရှားမှုတွင် သေဆုံးသူအများစုမှာ ရဲဘက်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏သတင်းများအရ သိရှိရသည်။
ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ၁၄ ထပ်အဆောက်အအုံတစ်ခုတွင် ဧပြီလ ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင် မီဒီယာက သတင်းဖော်ပြခဲ့သည်။
ကိုင်ရို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ဂါဇာဒေသတွင် ဆန္ဒပြနေသော ပါလက်စတိုင်းများကို အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းကို ပြစ်တင်ရှုံ့ချကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ပါလက်စတိုင်း၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး Sameh Shoukryနှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့သည် ဧပြီလ...
နိုင်ရိုဘီ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံတောင်ပိုင်းရှိ အာဖရိကသမဂ္ဂစစ်အခြေစိုက်စခန်းတစ်ခုကို အယ်လ်ရှာဘတ် (Al-Shabaab) အစွန်းရောက်အဖွဲ့အစည်းက ဧပြီလ ၁ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၄ ဦး သေဆုံး ပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မက္ကဆီကို စီးတီး၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ် တွင် မတ် ၃၁ရက် ညပိုင်းက ထောင်တွင်း ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း အစိုးရက ဧပြီ ၁ရက်တွင် ပြောကြားခဲ့သည်။