Connect with us

Europe

ပြင်သစ် နိုင်ငံ သမ္မတ က အီရန် နျူကလီးယား အရေး သဘောတူညီချက် နှင့် ပတ်သက်၍ ဝန်ကြီးများ အဆင့် အစည်းအဝေး ကျင်းပရန် အကြံပြု

ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ Emmanuel Macron က ဇွန်လ ၁၂ ရက်နေ့ ၌ အီရန် နိုင်ငံ သမ္မတ Hassan Rouhani နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု ပြုလုပ်ရာတွင် လာမည့် ရက်သီတင်းပတ် အနည်းငယ် အတွင်း အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ မှ အပ သဘောတူညီချက် တွင် ပါဝင် သည့် အခြား နိုင်ငံများ နှင့် ဝန်ကြီးများ အဆင့် အစည်းအဝေး တစ်ရပ် ကျင်းပ အကြံပြုခဲ့ကြောင်း ပြင်သစ် နိုင်ငံ သမ္မတရုံး ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြင်သစ် နိုင်ငံ သမ္မတရုံး က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယင်းအကြံပြုချက်သည် အီရန် နိုင်ငံ ၏ တောင်းဆိုမှု အရ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြင်သစ် နိုင်ငံ အနေဖြင့် ဗြိတိန် ၊ ဂျာမဏီ ၊ ရုရှား နှင့် တရုတ် နိုင်ငံ တို့နှင့် အတူတကွ အီရန် နျူကလီးယား အရေး သဘောတူညီချက် ကို ဆက်လက် အကောင်အထည် ဖော်သွားလိုပြီး အီရန် နိုင်ငံ အနေဖြင့်လည်း တွေဝေခြင်း ကင်းစင်စွာ မိမိ ၏ တာဝန်များကို ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံ အသီးသီး အနေဖြင့် လည်း ပိုမိုကြီးမား သည် သဘောတူညီချက် မူဘောင် တစ်ရပ် ကို ဖော်ဆောင်ခြင်းဖြင့် ဒေသတွင်း ဘေးအန္တရာယ် ကို ဖြေရှင်းကာ အပြန်အလှန် ယုံကြည်မှု ကို ပြန်လည် တည်ဆောက်ရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

သတင်းဖော်ပြချက်များ အရ အီရန် နိုင်ငံ သမ္မတ က ပြင်သစ် နိုင်ငံ ၏ အီရန် နျူကလီးယား အရေး သဘောတူညီချက် နှင့် ပတ်သက်၍ သဘောထား ရပ်တည်မှု အပေါ် ချီးမွမ်းကြောင်း ၊ ပြင်သစ် နိုင်ငံ သမ္မတ နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြာရာတွင် ဥရောပ နိုင်ငံ တို့၏ သဘောထားရပ်တည်မှု နှင့် ထုတ်ပြန်ချက်များ ကို လက်တွေ့ဆောင်ရွက်သွားစေလိုကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် အတွင်း ပါရှိသည့် အကျိုးကျေးဇူးများ ကာကွယ်ပေးခြင်း မရရှိပါက အီရန် နိုင်ငံ အနေဖြင့် သဘောတူညီချက် တွင် ဆက်လက်တည်ရှိနေရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ယခု နှစ် မေလ ၈ ရက်နေ့ ၌ အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး သဘောတူညီချက် မှ နုတ်ထွက်ကြောင်း နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် ကြီးမားသည့် လှိုင်းဂရက် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.