Connect with us

Asia

နျူကလီးယား ကင်းစင်သော ငြိမ်းချမ်းသည့် ကိုရီးယားကျွန်းဆွယ် ဖြစ်ပေါ်လာရေး၏ စမှတ်တစ်ခုဖြစ်သော မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံမှု

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့အား စင်ကာပူနိုင်ငံ၌ မေ ၁၂ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံ သမ္မတ တို့အကြား သမိုင်းဝင် ထိပ်သီးအစည်းအဝေးပွဲအား ဇွန် ၁၂ ရက် တွင် စင်ကာပူနိုင်ငံ၌ ကျင်းပနိုင်ခဲ့ပြီဖြစ်ရာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စ နှင့် ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန် ကိစ္စရပ်တို့အား နိုင်ငံရေးအရ ဖြေရှင်းရန် မျှော်လင့်ချက် ရောင်ခြည်များ ထွန်းလင်းလာဟုဆိုရမည်ဖြစ်ပေသည်။

သို့သော် နေ့တစ်ဝက်ကြာပြုလုပ်သော ယင်း ထိပ်သီးအစည်းအဝေး သည် မတူညီမှုအားလုံးကို ပြောင်းလဲစေကာ ကာလရှည်စွာ မသင့်မြတ်ခဲ့သော နိုင်ငံ ၂နိုင်ငံအကြား အမြစ်တွယ်နေသည့် မယုံကြည်မှုများကို ဖယ်ရှားပေးနိုင်မည်ဟု မည်သူကမျှ မျှော်လင့်ထားခြင်းမရှိပါ။

အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များမှ နှစ်သက်ဖွယ် ရလဒ်ကောင်းများ သေချာစွာ ထွက်ပေါ်လာစေရန် အတွက် ပါဝင်သူအားလုံးသည် ဘုံရည်မှန်းချက်တစ်ခု ကို ဦးတည်၍ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးပါသည်။

နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်ပေါ်လာရေး နှင့် ဒေသတွင်း ငြိမ်းချမ်းမှု နှင့် အကျိုးစီးပွား ဖြစ်ထွန်းမှု လက်တွေ့အကောင်အထည်ပေါ်လာရေး ပန်းတိုင်သို့ လျှောက်လှမ်းရာ တွင် သည်းခံမှု နှင့် ဉာဏ်အမြော်အမြင်ကြီးမားမှုတို့ လိုအပ်သည့်အပြင် ပထမဆုံးခြေလှမ်းသည် အမြဲတမ်း အခက်ခဲဆုံးဖြစ်သည် ကို သတိပြုရမည်ဖြစ်သည်။

ကိုရီးယားကျွန်းဆွယ် အရေးတွင် အဓိကအကျဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား နှင့် အမေရိကန်နိုင်ငံ တို့သည် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပရန် လေးနက်ခိုင်မာသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီး ယင်းနိုင်ငံများက ဆွေးနွေးမှုစကားဝိုင်းများ ဆက်လက်လုပ်ဆောင်သွားရန် နှင့် သက်ဆိုင်ရာ အဖွဲ့များက ညှိနှိုင်းဆွေးနွေးရေးဖြစ်စဉ် ကို ထောက်ပံ့သွားရန် အရေးကြီးပါသည်။

စင်ကာပူ ထိပ်သီးအစည်းအဝေးသည် အမေရိကန်နိုင်ငံ သမ္မတ နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်တို့ ပထမဆုံးတွေ့ဆုံသော သမိုင်းဝင် အခမ်းအနားတစ်ခုဖြစ်ပြီး ကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်ရေး၊ ငြိမ်းချမ်းရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းမှု ကိုဦးတည်သော စာမျက်နှာသစ်တစ်ခုအား ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ရသည်။

မကြာသေးမီကပင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားကင်းစင်သော ကျွန်းဆွယ်တစ်ခုဖြစ်ပေါ်လာရန် ပြင်းပြသော ဆန္ဒရှိကြောင်းဖော်ပြမှု အပါအဝင် များစွာသော လက္ခဏာကောင်းများကို ထုတ်ဖော်ပြသခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအလေးထား လာခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ၆ခုကို ဆောင်ရွက်ခဲ့သော Punggye-ri မြေအောက် နျူကလီးယားစမ်းသပ်မှု စခန်းကို မေလ နှောင်းပိုင်းတွင် ဖျက်ဆီးခြင်းဖြင့် ၎င်း၏ ကိုရီးယားကျွန်းဆွယ် ကို နျူကလီးယားကင်းစင်ရန် လိုလားမှုကို ပြသခဲ့သည်။

နျူကလီးယားစမ်းသပ်မှုစခန်း ဖျက်ဆီးခြင်းအား သက်သေပြရန် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် ဗြိတိန်နိုင်ငံ မှ သတင်းထောက်များကို သတင်းယူရန် ဖိတ်ကြားခဲ့သည်။

မေလအစောပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံက ထိန်းသိမ်းထားသော အမေရိကန်နိုင်ငံသား ၃ဦးကို ပြန်လွှတ်ပေးခဲ့သည့်အပေါ် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ကမ္ကာ့ငြိမ်းချမ်းမှုအတွက် အထူးကောင်းမွန်သော အချိန်ကာလတစ်ခုဖြစ်မည့် ထိပ်သီးအစည်းအဝေး အား ပြုလုပ်လိုကြောင်း ၎င်း၏ ဆန္ဒကိုဖော်ပြခဲ့သည်။

သဘောမတူညီမှုများသည် တစ်ချိန်တည်းဖြင့် ပျောက်ကွယ်သွားနိုင်မည် မဟုတ်သော်လည်း မဖြစ်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ၂နိုင်ငံ စလုံးသည် တစ်နိုင်ငံချင်းစီ၏ ကျိုးကြောင်းညီညွတ်သော စိုးရိမ်ပူပန်မှုများ ကို ဖြေရှင်းသင့်ပြီး ၎င်းတို့၏ မတူကွဲပြားမှုများကို စီမံခန့်ခွဲ၍ လျှော့ချကာ ဆွေးနွေးမှု စကားဝိုင်းများကို ပိုမို မြှင့်တင်ပြီး အပြန်အလှန်ယုံကြည်မှုများရရှိရန် တည်ဆောက်ရမည်ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် တရုတ်နိုင်ငံ သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်သည့် ကဏ္ဍမှ တွန်းအားပေး ဆက်လက်အားထုတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အမြန်ဖြေရှင်းသင့်သော အရေးကြီးကိစ္စရပ်တစ်ခုအား ချက်ချင်းဖြေရှင်းပြီး နိုင်ငံအားလုံး၏ စိုးရိမ်ပူပန်မှုများကို သင့်လျော်စွာ လက်ခံစဉ်းစားပေးခြင်းသည် ကိုရီးယားကျွန်းဆွယ်အရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိ ရရှိရန်ခက်ခဲသော ဆက်ဆံရေးပြေလည်မှုကို ကြာရှည်စွာတည်တံ့သည့် ငြိမ်းချမ်းမှုအဖြစ် ပြောင်းလဲပေးရန်ဖြစ်သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံက ထောက်ခံသော “dual-track” ချဉ်းကပ်နည်း ဟုခေါ်ဆိုသည့် အဓိကစီးပွားရေးကဏ္ဍများကို အစိုးရက ကိုင်တွယ်ပြီး အခြားစီးပွားရေးကဏ္ဍများကို ပုဂ္ဂလိကလုပ်ငန်းများက ကိုင်တွယ်သော နည်းလမ်း သည် ကျွန်းဆွယ်အတွင်း နျူကလီးယားကင်းစင်မှု နှင့်အတူ ကျွန်းဆွယ်အတွင်း ငြိမ်းချမ်းသော အစိုးရတစ်ရပ်ကို တည်ထောင်ပေးနိုင်မည်ဖြစ်ပြီး ၎င်းသည်ပင် သင့်လျော်သောလက်တွေ့ကျသည့် ဖြေရှင်းချက်တစ်ခုဖြစ်လိမ့်မည်ဟု သုံးသပ်ရပေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.