Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဦး ထပ်မံ သေဆုံး

အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ က ဇွန်လ ၁၁ ရက် နှင့် ၁၂ ရက် နှစ်ရက်ဆက်တိုက် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Al-Hasakah ပြည်နယ် အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အရပ်သား ၃၀ ဦး ထပ်မံ သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ က ဇွန်လ ၁၁ ရက်နေ့ ၌ Al-Hasakah ပြည်နယ် အရှေ့တောင်ပိုင်း ဒေသ ရှိ အီရတ် နိုင်ငံ ဒုက္ခသည် စခန်းကို ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အီရတ် နိုင်ငံ အရပ်သား ၁၈ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ အများစု မှာ မိခင် နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း ၊ ထို့ပြင် ဇွန်လ ၁၂ ရက်နေ့ ၌ ဆောင်ရွက်ခဲ့သည့် အရပ်သား နေအိမ်များ အား ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ ၏ Al-Hasakah ပြည်နယ် တောင်ပိုင်း ဒေသ အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုသည် ပိုမို ပြင်းထန် လာခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ အမေရိကန် နိုင်ငံ ထောက်ခံသည့် ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ အား ယင်း ဒေသ ကို ထိန်းချုပ်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇွန်လ ၁၂ ရက်နေ့၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထံသို့ စာပေးပို့ခဲ့ပြီး အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ မှ ဆောင်ရွက် ခဲ့သည့် စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ် ဆန့်ကျင်မှု တို့အား ပြစ်တင်ဝေဖန် ခဲ့ပြီး လုံခြုံရေး ကောင်စီ အား နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေး အတွက် တာဝန်ယူရန် နှင့် ယင်းကဲ့သို့သော သတ်ဖြတ်မှု ကို ထိန်းချုပ်ပေးရန် တောင်းဆိုခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ် လ မှ စတင်၍ အမေရိကန် နိုင်ငံ က အီရတ် နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု များစတင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ လ တွင် ဗုံးကြဲ တိုက်ခိုက်မှု ဧရိယာ အား ဆီးရီးယား နိုင်ငံ အထိ တိုးချဲ့ ဆောင်ရွက်ကာ နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ကိုလည်း ဖွဲ့စည်း လိုက်သည်။ ဆီးရီးယား နိုင်ငံ အစိုးရ က ယင်း ဆောင်ရွက်မှုများ သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုချက် မရရှိဘဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် အမေရိကန် နိုင်ငံ ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြား သေဆုံးကြောင်း ပြစ်တင်ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.