ကုလသမဂ္ဂ ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ) ဆိုမာလီယာကူညီစောင့်ရှောက်ရေးအဖွဲ့၏သက်တမ်းတိုးဆုံးဖြတ်စာ အမှတ် ၂၄၀၈ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၇ ရက်တွင် သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
အန်ကာရာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ နှင့် ရုရှားနိုင်ငံသမ္မတ တို့သည် လာမည့် ဆီးရီးယားဆိုင်ရာ သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ မတ် ၂၇ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက ဖော်ပြခဲ့သည်။
မနီလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ် ရှိ မြို့တစ်မြို့တွင် မတ် ၂၈ ရက်က လမ်းဘေးမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် အီရတ်အစိုးရထံမှ ခွင့်ပြုချက်မရရှိဘဲ အီရတ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးဆောင်ရွက်သွားမည်မဟုတ်ကြောင်း တူရကီက အာမခံပြောကြားခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ် ရုံးက မတ် ၂၇ရက်တွင်ပြောကြားခဲ့သည်။
ဗလဒီဗော့စတော့ခ် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ၊Krasnoyarskနယ်စပ်လုံခြုံရေးဌာနက အကြမ်းဖက်အဖွဲ့အစည်းပုန်းလျှိုး နေသည့် နေရာတစ်ခုအား မတ်လ ၂၇နေ့တွင် တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး အကြမ်းသမား ၉ ဦး အား ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။
နယူးဒေလီ၊ မတ် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် အီရတ်နိုင်ငံတွင် IS စစ်သွေးကြွများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံသား ၃၉ဦး၏ ရုပ်အလောင်းများကို ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရီယာဒ့် ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) ယီမင် ဟူသီ လက်နက်ကိုင်များက ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် အီရန်ကို လက်တုံ့ပြန်သွားမည်ဟု ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Turki Al Maliki က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်သော Grab က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသအတွင်းရှိ Uber အင်တာနက်ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအား ဝယ်ယူလိုက်ပြီဖြစ်ကာ စီးပွားရေးလုပ်ငန်း ဝယ်ယူမှု အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း မတ်လ ၂၆ ရက်က ပြောကြားလိုက်သည်။
မော်စကို၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား တောင်ပိုင်း Kemerovo မြို့ရှိ ဈေးဝယ်စင်တာ တစ်ခုတွင် မတ် ၂၅ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှု ၌ မတ်လ ၂၆ ရက် ညပိုင်းအထိ လူစုစုပေါင်း ၆၄ ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး...
ကိုင်ရို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) အီဂျစ်သမ္မတရွေးကောက်ပွဲ၏ ပြည်တွင်းမဲပေးပွဲကို မတ်လ ၂၆ ရက်နေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ် ကြောင်း သိရှိရသည်။ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် သမ္မတလောင်း ၂ ဦး မှာ လက်ရှိ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi)နှင့်...