ဆန်ဖရန်စစ္စကို၊ မေ ၁၅ ရက် (ဆင်ဟွာ) Facebook ၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) က Cambridge Analytica အရှုပ်တော်ပုံတွင် App များအား အပြည့်အဝ စုံစမ်းစစ်ဆေးမှုနှင့် စာရင်းစစ် ပြုလုပ်မည်ဟု မတ်လက ကတိပြုပြီးနောက် အချက်အလက်များ တလွဲသုံးသည်ဟု ယူဆရသော...
ရာမယ်လ်လာ၊ မေ ၁၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ မေ ၁၅ ရက်(ဆင်ဟွာ) တောင်ဆူဒန်မြောက်ပိုင်း ဆူဒန်နှင့်ကပ်လျက်ရှိသော ဒေသတွင် မေလ ၁၄ ရက် က အစိုးရဆန့်ကျင်လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ဆူဒန်အစိုးရစစ်တပ်က ထိုနေ့တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ မေ ၁၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့သည် ပန်မွန်ဂျုံ နယ်စပ်ရွာ၌ မေ ၁၆ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန က မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ဂါဇာ ၊ မေ ၁၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နိုင်ငံသား အများအပြား တို့က မေလ ၁၄ ရက်နေ့ ၌ နိုင်ငံတွင်း ဒေသအများအပြား တွင် အမေရိကန် နိုင်ငံ ၏ ဂျေရုစလင် တွင် သံရုံး တရားဝင် စတင် ဖွင့်လှစ်ခြင်း...
ဒါကာ ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အရှေ့တောင်ပိုင်း ၂၄၂ ကီလိုမီတာအကွာရှိ ချက်တာဂရမ်ခရိုင်(Chattagram) ၌ မေလ ၁၄ ရက်က ရာမာဒန်ပွဲတော်အတွင်း လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ မေ ၁၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ မုန်တိုင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၈၇ ဦးသေဆုံးပြီး ၁၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ မေ ၁၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာရာ မြို့ ရဲဌာနချုပ်တွင် ယနေ့(မေလ ၁၄ရက်) နံနက်က တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထရီပိုလီ၊ မေ ၁၄ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က လစ်ဗျားအနောက်ပင်လယ်တွင် မေလ ၁၃ ရက်က ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၂၆၀ ဦး အား ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။
ဘရပ်စ်ဆဲလ်၊ မေ ၁၄ ရက် (ဆင်ဟွာ) ပထမဆုံး တရုတ်-ဘယ်လ်ဂျီယံ ကုန်တင်ရထား သည် တရုတ်နိုင်ငံ ထန်ရှန်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး ၁၆ရက်အကြာ၊ ခရီးကီလိုမီတာပေါင်း ၁၁,၀၀၀ ကို ဖြတ်ကျော်လာပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ အန့်ထ်ဝါ့ပ် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။