Connect with us

Africa & Middle East

ပါလက်စတိုင်း ဆန္ဒပြသူ များ နှင့် အစ္စရေး တပ်ဖွဲ့ တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ပါလက်စတိုင်း နိုင်ငံသား ၅၅ ဦး သေဆုံး ပြီး ၂ ထောင်ကျော် ဒဏ်ရာရရှိ

မေလ ၁၄ ရက်နေ့ ၌ ဂါဇာ ဒေသတွင် ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှုကြောင့် ဒဏ်ရာရရှိသူများအား သယ်ဆောင် နေစဉ်(ဆင်ဟွာ)

ဂါဇာ ၊ မေ ၁၅ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံသား အများအပြား တို့က မေလ ၁၄ ရက်နေ့ ၌ နိုင်ငံတွင်း ဒေသအများအပြား တွင် အမေရိကန် နိုင်ငံ ၏ ဂျေရုစလင် တွင် သံရုံး တရားဝင် စတင် ဖွင့်လှစ်ခြင်း နှင့် ပတ်သက်၍ ဆန္ဒပြမှုပြုလုပ်ခဲ့ကြရာ အစ္စရေး နိုင်ငံ တပ်ဖွဲ့ တို့နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သဖြင့် ပါလက်စတိုင်း နိုင်ငံသား ၅၅ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၂,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သောင်းနှင့်ချီသော ပါလက်စတိုင်း နိုင်ငံသား တို့က မေလ ၁၄ ရက်နေ့၌ အစ္စရေး နိုင်ငံ နှင့် ထိစပ် နေသည့် ဂါဇာ ဒေသတွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဆင်ဟွာ သတင်းဌာန မှ သွားရောက် သတင်းယူခဲ့ရာတွင် ဆန္ဒပြသူများက ကားတာယာ များကို မီးရှို့ခြင်း နှင့် အစ္စရေး တပ်ဖွဲ့ အား ခဲ ဖြင့် ပစ်ပေါက်ခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က မျက်ရည်ယို ဗုံးများ နှင့် ကျည်အစစ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ပါလက်စတိုင်း နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး က အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများအနက် ၇ ဦး မှာ အရွယ်မရောက် သေးသည့် လူငယ်များ ဖြစ်ကြပြီး ၁ ဦးမှာ ကယ်ဆယ်ရေး ဝန်ထမ်း ဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူများအနက် လူပေါင်း ၁,၂၀၀ ကျော်မှာ အစ္စရေး တပ်ဖွဲ့ ၏ ကျည်အစစ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း ၊ မတ်လ ၃၀ ရက်နေ့ မှ စတင်၍ ဂါဇာ ဒေသ တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် လူပေါင်း ၁၀၄ ဦး ရှိခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုစလင် အား အစ္စရေး နိုင်ငံ ၏ မြို့တော် အဖြစ် လက်ခံကြောင်း နှင့် သံရုံး အား ဂျေရုစလင် မြို့သို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ယင်းကြေညာချက် နှင့် ပတ်သက်၍ ယခု နှစ် မေလ ၃၀ ရက်နေ့ မှ စတင်၍ ဂါဇာ ဒေသတွင် ပါလက်စတိုင်း နိုင်ငံသား များက အကြီးစား ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား လာခဲ့ကာ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.